ဆောင်းဦးလယ်ရာသီချိန် တယ်ဟုန်ပြည်နယ်ခွဲ၏ ကောက်ရိတ်သိမ်းသည့် မြင်ကွင်း

2021-09-23 18:38:15 |သတင်းအရင်းအမြစ် 德宏文旅

ယနေ့သည် တရုတ်ရိုးရာရာသီချိန် ၂၄ ခု အနက် ချုန်းဖိန်း(Qiufen) ခေါ် ဆောင်းဦးလယ်ရာသီချိန် ဖြစ်သကဲ့သို့ တရုတ်နိုင်ငံ၏ စတုတ္ထအကြိမ်မြောက် ကောက်သစ်စားပွဲတော်နေ့လည်းဖြစ်ပါသည်။

ချုန်းဖိန်း(Qiufen) ခေါ် ဆောင်းဦးလယ်ရာသီချိန်ရောက်လာသည်နှင့် ကောင်းပဲသီးနှံ အထွက်နှုန်းကောင်းသည့် မြင်ကွင်းကို တွေ့မြင်လာရပါသည်။ ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖော တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၏ ဆောင်းဦးရာသီကို စပါးခင်းတွင် စတင်ခံစားနိုင်ပါသည်။ လေတိုက်ပြီးနောက် ရွှေရောင်စပါးခင်းတွင် ရွှေရောင်လှိုင်းများလှုပ်ခတ်နေသကဲ့သို့ ဖြစ်ပေါ်လာပြီး လေပြေလေအေးနှင့်အတူ စပါးမွှေးရနံ့ကို သယ်ဆောင်လာပါသည်။ စပါးရိတ်သိမ်းစက်ကိရိယာများသည် ကြွေးကြော်သံများ ထွက်ပေါ်ကာ စပါးအထွက်နှုန်း ကောင်းသည့်အတွက် ပျော်ရွှင်တက်ကြွသော တေးသီချင်းများ သီဆိုသကဲ့သို့ပင်ဖြစ်ပါသည်။ စပါးခင်းတွင် တောင်သူလယ်သမားများ အလုပ်များနေပါသည်။ အထွက်နှုန်းကောင်းသည့် ရှုခင်းသာ ပန်းချီကားတစ်ချပ်ကို ဖန်တီးထားသကဲ့သို့ပင် ဖြစ်ပါသည်။

 

“ကွမ်ဆန်(Gongmi) ဇာတိမြေ”ဟု ချီးမြှင့်ခေါ်ဝေါ်သော ကျဲ့ဖန်မြို့နယ်တွင် ရွှေရောင်စပါးများသည် ကြိုးပမ်းလုပ်ကိုင်သော တောင်သူလယ်သမားအတွက် မျှော်လင့်ချက်နှင့်ပျော်ရွှင်မှု သယ်ဆောင်လာပါသည်။ ယခုနှစ် ကျဲ့ဖန်မြို့နယ်သည် ကွမ်ဆန်(Gongmi) စိုက်ပျိုးရေးဧရိယာမှာ မူ ၇ သောင်းကျော် (ဧက ၄ သိန်း ၆ သောင်း နှင့် ညီမျှသည်)ရှိပြီး ခန့်မှန်း စုစုပေါင်းအထွက်နှုန်းမှာ ၃.၅ သောင်းတန်ရှိပါသည်။ ထုတ်လုပ်မှုစုစုပေါင်ငွေပမာဏမှာ တရုတ်ယွမ် သန်း ၁၃၀ ရှိသည်။ ရိတ်သိမ်းသည့်ကာလမှာ သြဂုတ်လ လလယ်ပိုင်းမှ အောက်တိုဘာလ အစပိုင်းအထိ ဖြစ်ပါသည်။

 

ရွှေဆောင်းဦးရာသီတွင် တယ်ဟုန်ပြည်နယ်ခွဲတွင် “စိတ်ကူးယဉ်ရွှေရောင်ခရီး”တစ်ခေါက် သွားပြီး မျှော်လင့်ချက်နှင့် ပြည့်လျှံနေသော စပါးခင်းတွင် ဆောင်းဦးကောက်ရိတ်သိမ်းခြင်း ပျော်ရွှင်မှုကို ခံစားကြည့်ပါ။ စပါးခင်း၏ လှပသော ရှုခင်းသာကို ရှာဖွေကာ အမွှေးဆုံး ဆန်သစ်၏ အရသာကို မြည်းစမ်းကြည့်လိုက်ပါ။