လူကိုးရေကန်ကြီးသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်နှင့် စီချွမ်းပြည်နယ်နှစ်ခု၏ နယ်စပ်ဒေသတွင် တည်ရှိပြီး “ကုန်းပြင်မြင့်ပေါ်ရှိ ပုလဲ”ဟု ချီးကျူးခေါ်ဝေါ်ကြသည်။ ၎င်းရေကန်ကြီးသည် ပင်လယ်ပြင်မျက်နှာပြင်အထက် ၂၆၉၀ မီတာတွင်ရှိပြီး အကျယ်အဝန်းဧရိယာသည် ၅၀ စတုရန်းကီလိုမီတာ ရှိသည်။ သာယာလှပသော ရေကန်၊ တောတောင်ရှုခင်းနှင့် ဒေသခံမော်စိုးတိုင်းရင်းသား၏ ထူးခြားသည့်ယဥ်ကျေးမှုကြောင့် ပြည်တွင်းပြည်ပခရီးသည်များကို ဆွဲဆောင်လျက်ရှိပါသည်။