အောက်တိုဘာလ ၁၂ ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ဇီဝမျိုးစုံ မျိုးကွဲများဆိုင်ရာ ပဠိညဉ်စာချုပ် ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသော နိုင်ငံများ အစည်းအဝေး(COP15)ကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဆန်ကျန်ယွမ် အမျိုးသားဥယျာဉ်၊ ပန်ဒါအမျိုးသားဥယျာဉ်၊ ဆိုက်ဘေးရီးယား ကျားနှင့်ကျားသစ် အမျိုးသားဥယျာဉ်၊ ဟိုင်နန် အပူပိုင်းမိုးသစ်တော အမျိုးသားဥယျာဉ်၊ ဝူယီတောင် အမျိုးသားဥယျာဉ် စသည့် တရုတ်အမျိုးသားဥယျာဉ် ငါးခုကို ပထမအသုတ်အဖြစ် တရားဝင် တည်ထောင်လိုက်သည်။ အမျိုးသား ဥယျာဉ်အကာအကွယ် ဧရိယာသည် ၂၃၀၀၀၀ စတုရန်းကီလိုမီတာ အထိရှိပြီး နိုင်ငံတော်၏ အဓိကကာကွယ်စောင့်ရှောက်သည့် တောရိုင်းတိရိစ္ဆာန်များနှင့် အပင်တို့၏ မြေဧရိယာ ၃၀ ရာခိုင်နှုန်း လွှမ်းခြုံမှုရှိကြောင်း သတင်းအရ သိရပါသည်။