ယူနန်ဟင်းသီးဟင်းရွက်ဈေးမှ အံ့သြဖွယ်ကောင်းသော ဇီဝမျိုးစုံမျိုးကွဲများ

2021-10-19 09:48:11 |သတင်းအရင်းအမြစ် 新华网

ဇီဝမျိုးစုံမျိုးကွဲများသည် ကျွန်တော်တို့ သာမန်ပြည်သူတို့နှင့် မည်မျှကွာဝေးသနည်းဟုဆိုရလျှင် အလွန်နီးစပ်သည်၊ ကျွန်တော်တို့ အနီးအနားရှိ ဟင်းသီးဟင်းရွက်ဈေး၌ပင် ရှိပါသည်။ ဟင်းသီးဟင်းရွက်စျေးသည် မြို့တစ်မြို့၏ အရသာကို ထိန်းချုပ်ရုံသာမက ကျယ်ပြန့်သော ဇီဝမျိုးစုံမျိုးကွဲများလည်း ပါဝင်ပြီး သင်နှင့် ကျွန်ုပ်တို့အတွက် လက်လှမ်းမီဆုံးသော "သဘာဝပြတိုက်" ဖြစ်ပါသည်။ မြို့တစ်မြို့ကို မြန်မြန်သိချင်ပါက ဟင်းသီးဟင်းရွက်စျေးကို သွားလည်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။

ကူမင်းမြို့မှ တာကွမ်ကျွမ်ရှင် ဟင်းသီးဟင်းရွက်စျေးတွင် ယူနန်လူမျိုးတို့၏ ဟင်းသီးဟင်းရွက် အများစုကို သင်တွေ့မြင်နိုင်သည်။ ရောင်းချသူများသည် ဟင်းသီးဟင်းရွက်များ၏ အလှကို ဝယ်သူများအား ပြတတ်သည်။ ကွဲပြားခြားနားသော ပြကွက်များနှင့် စုပုံခြင်းဖြင့် ဟင်းသီးဟင်းရွက်များ၏အလှကို ပေါ်လွင်စေသည်။ ကြက်သွန်ဖြူ၊ အာလူးနှင့် ကန်စွန်းဥတို့ကို အမြဲတမ်းပေါင်းထားလေ့ရှိပြီး တောင်ကုန်းလေးကဲ့သို့ စုပုံထားကာ စနစ်တကျဖြစ်မှုကို ဖော်ပြနေပါသည်။ ငှက်ပျောသီးအားလုံးသည် လခြမ်းကဲ့သို့ ပုံသန်မဟုတ်ပါ၊ ရွှေရောင်လည်း မဟုတ်ပါ။ အချို့မှာ ဖြောင့်သည်၊ အချို့မှာ ထူပြီး တိုသည်၊ အချို့မှာ အနီ‌ရောင်ဖြစ်နေသည်။ ငှက်ပျောသီးမျိုးစိတ်သည်လည်း အလွန်များပြားသည်။ ယူနန်လူမျိုးတို့သည် ပန်းများကိုလည်း နှစ်သက်စွာ စားလေ့ရှိသည်။ ငှက်ပျောပန်း၊ တရုတ်ကြက်သွန်မြိတ်ပန်းနှင့် ရွှေဖရုံသီးပန်းတို့ကို စျေကွက်တွင် နေရာတိုင်း၌ ‌တွေ့နိုင်ပါသည်။

ဆူညံသော အသံများသည် ချိုသာသော သစ်သီးများ၏ အနံ့နှင့် ရောနှော၍ စျေးကွက်၏ အကြီးမားဆုံးသော ဆွဲဆောင်မှုကို ပြုလုပ်လာကြသည်။