ယူနန်ပြည်နယ် ပိုင်မာဆီးနှင်းတောင် အမျိုးသားအဆင့် သဘာဝဘေးမဲ့တောတွင် မျက်လုံးကြီးကြီး၊ နှုတ်ခမ်းနီနီ တိရစ္ဆာန်တစ်မျိုးနေထိုင်ကြသည်။ အဆိုပါ တိရစ္ဆာန်သည် ရွှေခြည်မွေးမျောက် ဖြစ်ပါသည်။ ရွှေရောင်ဆောင်းဦးရာသီတွင် ဂေဟဓာတ်ပုံဆရာသည် သဘာဝဘေးမဲ့တော၌ ရွှေခြည်မွေးမျောက်ကလေးများ၏ အဖိုးတန်ဓာတ်ပုံများကို ရိုက်ကူးခဲ့ပါသည်။ ရွှေခြည်မွေးမျောက်ကလေးနှစ်ကောင်၏ အမွေးအမျှင်သည် မီးခိုးရောင် ဖြစ်ပြီး နားရွက်များသည် ချွန်ချွန်ဖြစ်ကာ တောထဲတွင် ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေကြသည်။