တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ဆီးနှင်းကျနေ

2021-11-09 18:50:45 |သတင်းအရင်းအမြစ် 新华网

နိုဝင်ဘာလ ၆ ရက်မှစ၍ အအေးလှိုင်းဒဏ်ကြောင့် တရုတ်နိုင်ငံ၏ နေရာအတော်များများတွင် ဆီးနှင်းများ အဆက်မပြတ် ကျလျက်ရှိသည်။ နေရာဒေသအသီးသီးရှိ မိုးလေဝသဌာနများက အပြာရောင် နှင်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်ထားရာ ပြည်သူများအနေဖြင့် အပြင်ထွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြုရန်နှင့် အအေးဒဏ်ကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများကို ကောင်းစွာ လုပ်ဆောင်ကြရန် သတိပြုကြရမည်ဖြစ်သည်။ အောက်ဖော်ပြပါပုံများသည် ပေကျင်းရှိ တားမြစ်မြို့တော်၏ နှင်းထုမြင်ကွင်း၊ နင်ရှ ဟွေတိုင်းရင်းသားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရင်ချွမ်မြို့၏ နှင်းထုမြင်ကွင်း၊ ကန်းစုပြည်နယ် ‌ဝေးဝူမြို့၏ နှင်းထုမြင်ကွင်းများ ဖြစ်သည်။