တောက်ပသော နဂါးငွေ့တန်းနှင့်အတူ အော်ဟိုင်ရေကန်ကြီး၏ အရင်းအမြစ်ဖွံ့ဖြိုးနေ

2021-11-11 18:46:09 |သတင်းအရင်းအမြစ် 新华网

အော်ယွမ်ခရိုင်သည် ယူနန်ပြည်နယ်၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး တာ့လီ ပိုင် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၏ မြောက်ဘက်တွင် တည်ရှိကာ အော်ဟိုင် ရေကန်ကြီး၏ အရင်းအမြစ်လည်း ဖြစ်သည်။ မြစ်ချောင်းများသည် အော်ယွမ်ခရိုင်ကို ဖြတ်ကျော်ပြီး နေရာတိုင်းတွင် ရေသည် အမြဲစီးဆင်းနေပြီး မြို့ပြနှင့်ကျေးရွာများအတွက် အလှတရားများ တိုးစေလျက်ရှိသည်။ မြေပြင်ပေါ်ရှိ မြစ်ချောင်းမှလွဲ၍ “ကြယ်ရှာဖွေသူ”သည် အော်ယွမ်ခရိုင်၏ ကောင်းကင်ပေါ်မှ တောက်ပနေသော နဂါးငွေ့တန်းကို ဓာတ်ပုံရိုက်ခဲ့ပါသည်။ လေတိုက်သည်နှင့် တိမ်လွင့်လာပြီး ကောင်းကင်ပေါ်တွင် ဂလက်ဆီ နဂါးငွေ့တန်းသည် အိပ်မက်ကဲ့သို့ ပေါ်လာပါသည်။