ငန်းဖြူများ မောင်ဦးစုသဲဒေသသို့ ရောက်ရှိလာ

2021-11-16 10:00:30 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ရှမ်ရှီးပြည်နယ် ယွီလင်မြို့ ယွီရန်ရပ်ကွက်ရှိ ဟော်ခူ ရေလှောင်ကန် စိမ့်မြေအရပ်သို့ ငန်းဖြူများ၊ ချစ်မာဘဲစသော ငှက်များ ရောက်လာကြသည်။ ယခုနှစ်ပိုင်းတွင် မောင်ဦးစုသဲဒေသတောင်ပိုင်းရှိ ယွီရန်ရပ်ကွက်သည် စားကျက်လယ်မြေကို စိမ့်မြေအဖြစ် ပြန်ပေးခြင်း၊ စားကျက်များကို တားမြစ်ပြီး ဂေဟစနစ်ဆိုင်ရာကာကွယ်မှု အားကောင်းစေရန် တိရစ္ဆာန်များကို လျှော့ချခြင်း စသော ထိရောက်သည့်အစီအမံများကို လုပ်ဆောင်ခြင်းကြောင့် သဘာဝဂေဟပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်း ကောင်းမွန်လာပါသည်။ ဟော်ခူ ရေလှောင်ကန်စိမ့်မြေအရပ်သည် ကျူပင်များ များစွာရှိပြီး ရေပြင်ကျယ်ပြန့်ကာ တောရိုင်းငါးနှင့် ပုစွန်သယံဇာတ ပေါများသောကြောင့် ဆောင်းရာသီ ရွှေ့ပြောင်းငှက်များအတွက် ကျက်စားရန်နှင့် ခေတ္တနားခိုရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာသည်။