၁၉၉၀ ပြည့်လွန်နှစ်ဖွား မြောင် တိုင်းရင်းသား အမျိုးသမီးတစ်ဦးသည် ဝါးအရက်လုပ်ငန်းဖြင့် ချမ်းသာရာလမ်းကို လျှောက်လှမ်းနေသည်

2021-11-18 11:30:46 |သတင်းအရင်းအမြစ် 新华网

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကွေ့ကျိုးပြည်နယ် ချစ်ရွှေမြို့ ဟွေလုံရွာမှ အမျိုးသမီး ရန်ကွေ့ဖေသည် ရွာသားများကို ဝါးထဲသို့ အရက်ထည့်ရန် ညွှန်ကြားခဲ့သည်။
ယခုနှစ် အသက် ၂၈ နှစ်ရှိ ရန်ကွေ့ဖေသည် ကွေ့ကျိုးပြည်နယ် ချစ်ရွှေမြို့ ဟွေလုံရွာမှ မြောင် တိုင်းရင်းသား အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ရန်ကွေ့ဖေသည် တီဗီသတင်းများမှ ဝါးအရက်ပြုလုပ်ခြင်းတွင် စီးပွားရေးအခွင့်အလမ်းများကို မြင်တွေ့ခဲ့ပြီး အလုပ်မှ နှုတ်ထွက်ကာ မွေးရပ်မြေကို ပြန်လာ၍ လုပ်ငန်းတစ်ခု စတင်ခဲ့သည်။ သူမသည် ကိုယ်တိုင်လေ့လာကာ ဖူကျင့်ပြည်နယ်၊ ဟူနန်ပြည်နယ်နှင့် အခြားနေရာများသို့ လေ့လာရန် တစ်ကြိမ်စီသွားခဲ့သည်။ ဝါးအရက်ထုတ်လုပ်ရာတွင် အရက်ကို သင့်လျော်သော ဝါးအပေါက်ထဲသို့ ထိုးသွင်းရန် ဖိအားမြင့်နည်းပညာဖြင့် အသုံးပြုကာ အရက်နှင့် ဝါးကို ၄ လမှ ၆ လလောက်ကြာအောင် အတူရှင်သန်ကြီးထွားစေပြီးနောက် ထုတ်ယူရာ ဝါးအရက်၏ အရသာသည် ပိုမိုကောင်းလာပါသည်။
လက်ရှိတွင် ရန်ကွေ့ဖေသည် ဝါးအရက်ပြုလုပ်ရန် အနီးနားရွာသားများထံမှ ဝါးတောဧက ရာပေါင်းများစွာကို ငှားရမ်းခဲ့သည်။ ဝါးအရက် ထုတ်ယူပြီးနောက် ဝါးကို ရွာသားများသည် စျေးကွက်သို့ ရောင်းချနေဆဲဖြစ်သည်။ ရွာသားများသည် မြေယာလွှဲပြောင်းခြင်းနှင့် ဝါးအရက် ထုတ်လုပ်ခြင်းလုပ်ငန်းတွင် ပါဝင်သောကြောင့် ဝင်ငွေကိုလည်း တိုးပွားလာစေလျက်ရှိသည်။