Yamdrok ရေကန်ကြီးကို ယန်ရေကန်ကြီးဟု ခေါ်သည်။ ရေကန်အများစုသည် Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆန်နန်မြို့ လန့်ခါဇီခရိုင်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၄၀၀ ကျော်တွင် ရှိသည်။ မကြာသေးမီနှစ်များအတွင်း ယန်ရေကန်ကြီး၏ ဂေဟပတ်ဝန်းကျင် ဆက်လက်ကောင်းမွန်လာသောကြောင့် တောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားကြပြီး မျိုးပွားမှု အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် တိုးလာနေသည်။