တာလီ-လင်ချမ်း မီးရထားလမ်း ရှောက်ဝမ်းတုံးဘူတာရုံသည် ဥမင်လိုဏ်ခေါင်းတစ်ဝက်၊ တံတားတစ်ဝက် ဖြစ်ကာ ဘူတာရုံတစ်ရုံဖြစ်ရုံမက ရှုခင်းသာနေရာတစ်ခုလည်း ဖြစ်ပါသည်

2021-11-22 18:23:50 |သတင်းအရင်းအမြစ် 新华网

ရှောက်ဝမ်းတုံးဘူတာရုံသည် ယူနန်ပြည်နယ် တာလီ ပိုင် တိုင်းရင်းသားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရှောက်ဝမ်းတုံးမြို့နယ်တွင် တည်ရှိနေကာ မြို့နယ်အစိုးရရုံးမှ ၇ ကီလိုမီတာ ကွာဝေးသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၏ ရလဒ်များကို စုစည်းဆောင်ရွက်ပြီး ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေးကို အထောက်အကူပေးရန် ဖွင့်လှစ်ထားသော ရထားလမ်းပေါ်တွင် တည်ဆောက်သည့် ရထားဘူတာရုံအသစ်တစ်ခု ဖြစ်သည်။ ရှောက်ဝမ်းတုံးဘူတာရုံကို နိုဝင်ဘာလ ၆ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်ခဲ့ပြီး နေ့စဉ်နေ့တိုင်း ကူမင်း၊ လီကျန်း နှင့် လင်ချမ်း တို့မှ ထွက်ခွာထားသော ရထား ၄ စင်းသည် အဆိုပါဘူတာရုံတွင် ရပ်နားပါသည်။ ထို့ကြောင့် လူပေါင်း ၃ သိန်းကျော်၏ ထုတ်လုပ်မှုနှင့် ဘဝသည် အကျိုးဖြစ်ထွန်းလာပါသည်။

မြေမျက်နှာသွင်ပြင်နှင့် ပထဝီသဏ္ဍာန်အရ ရှောက်ဝမ်းတုံးဘူတာရုံကို ဥမင်လိုဏ်ခေါင်းတစ်ဝက်နှင့် တံတားတစ်ဝက်နည်းလမ်းဖြင့် ဒီဇိုင်းဆွဲတည်ဆောက်ထားသည်။ ထူးခြားသောပုံသဏ္ဍာန်နှင့် ဘူတာရုံတစ်ရုံဖြစ်ရုံမက ရှုခင်းသာယာနေရာတစ်ခုလည်း ဖြစ်ပါသည်။ ရှောက်ဝမ်းတုံးဘူတာရုံ၏ စုစုပေါင်း ဧရိယာမှာ စတုရန်းမီတာ ၁၀၀၀ ကျော်ရှိပြီး ခရီးသည်များအတွက် အဝင်အထွက် အဆင်ပြေချောမွေ့စေရန် ခုံးကျော်တံတားများ၊ စင်္ကြံများစသည့် အထောက်အကူပြုပစ္စည်းများကို တပ်ဆင်ထားပါသည်။

[page