မကြာသေးမီက တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ “ဆီးနှင်းကျ ရာသီချိန်”ဟု အနက်ရသော “ရှောင်ရွှယ် (Xiao Xue) ရာသီချိန်” ရောက်ရှိလာခြင်းနှင့်အတူ လျောင်နင်ပြည်နယ် ရှိန်ယန်မြို့သည် နှင်းများ ကျလာပြန်သည်။ နှင်းများအကြားတွင် ရှိန်ယန်မြို့ရှိ တားမြစ်မြို့သည် အနီရောင်နှင့် အဖြူရောင်များဖြင့် ရောယှက်နေပြီး အနီရောင်နံရံနှင့် အစိမ်းရောင်ကြွေပြားများသည် ထူးခြားသော ရှုခင်းတစ်ခု ဖြစ်လာပါသည်။