တရုတ်-လာအို မီရထားလမ်း မကြာမီဖွင့်လှစ်တော့မည်။ အမှုထမ်းများ၏ ယူနီဖောင်းက ဘယ်လိုဖြစ်မလဲ။
ဤတစ်ကြိမ် အမှုထမ်းများ၏ ယူနီဖောင်း၏ အလုံးစုံအရောင်မှာ ဒေါင်းပြာရောင်ဖြစ်သည်။ ယူနီဖောင်း၏ လည်ပတ်၊ ခါးပတ်မှာ တရုတ်ရိုးရာ ထင်ရှားသော peony ပန်းနှင့် လာအို ရိုးရာ ထင်ရှားသော Champa ပန်းဖြင့် တန်ဆာဆင်ထားသည်။ ယူနီဖောင်းရှပ်အင်္ကျီများနှင့် စကတ်များတွင် ယူနန်ပြည်နယ်၏ "ကျော်ကြားသော ပန်းရှစ်ပွင့်" ထဲမှ Camellias ပန်းဖြင့် တန်ဆာဆင်ထားသောကြောင့် ဒီဇိုင်းတစ်ခုလုံးက လှပပြီး လက်ရာမြောက်သည်။
စတိုင်၏ရွေးချယ်မှုတွင် ယူနီဖောင်းမှာ ဦးထုပ်၊ ပဝါ၊ အင်္ကျီလက်ပြတ်၊ စကတ်များနှင့် လိုက်ဖက်သော နည်းလမ်းမျိုးစုံရှိရုံမက လမ်းကြောင်းတစ်လျှောက် ရာသီဥတုပြောင်းလဲမှုနှင့် ကောင်းမွန်စွာ လိုက်လျောညီထွေ ရှိနေပါသည်။ ထို့ပြင် ယူနီဖောင်းကိုလည်း ဘောပင်အိတ်ကပ်၊ ဖုန်းအိတ်ကပ်များဖြင့် ဒီဇိုင်းထုတ်ထားပြီး အမှုထမ်းများအတွက် လုပ်ငန်းခွင်တွင် Walkie-talkies တပ်ဆင်ရန် အဆင်ပြေနိုင်ကာ လှပပြီး လက်တွေ့ကျသည်။