ဒီဇင်ဘာလ ၅ ရက်နေ့တွင် မီးရထားသည် လန်(လန်ကျိုး)-ရှင်(ရှင်ကျန်) မြန်နှုန်းမြင့်မီးရထားလမ်းရှိ ဆန်းသန်းမြင်းပြိုင်ကွင်းဘူတာရုံသို့ ဝင်ရောက်ခဲ့ သည်။
ဆန်းသန်းမြင်းပြိုင်ကွင်းဘူတာရုံသည် ကမ်းစုပြည်နယ် ဆန်းသန်းခရိုင်တွင် တည်ရှိပြီး ယခင်က ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှု မရှိခဲ့ပါ။ ယခုနှစ် မတ်လမှစ၍ အဆိုပါ ဘူတာရုံအား ပြုပြင်မွမ်းမံခြင်းနှင့် တိုးချဲ့ခြင်းစီမံကိန်းကို စတင်ခဲ့ပြီး မီးရထားများစွာသည် ဆန်းသန်းမြင်းပြိုင်ကွင်းဘူတာရုံတွင် နေ့စဉ်ရပ်နားမည်ဖြစ်သည်။ ခရီးသည်များသည်လည်း မီးရထားဖြင့် လန်ကျိုး၊ ရှီအံစသော မြို့များသို့ သွားရောက်နိုင်ကြပြီဖြစ်သည်။
များမကြာမီနှစ်များတွင် ချီလျံတောင်၏ ဂေဟစနစ်ပတ်ဝန်းကျင် ကာကွယ်ရေး သည် ရလဒ်ကောင်းများ ရရှိခဲ့သောကြောင့် ဆန်းသန်းမြင်းပြိုင်ကွင်းသည် ဂေဟစနစ် ခရီးသွားလုပ်ငန်းများကို တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်အောင် စတင် ဆောင်ရွက်ခဲ့ပါသည်။ ဆန်းသန်းမြင်းပြိုင်ကွင်း ဘူတာရုံသည် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ပြီးနောက် ဤနေရာတွင် စိမ်းလန်းသာယာသောရှုခင်းများကို ခံစားကြည့်ရှုနိုင်ခြင်းနှင့်အတူ စီးပွားရေးသည်လည်း အရှိန်အဟုန်ဖြင့် ဒီရေအလား တိုးတက်လာနေပါသည်။