တရုတ်-လာအိုရထားလမ်း (ရီဝူး-ဗီယင်ကျမ်း) အပြည်ပြည်ဆိုင်ရာကုန်စည်ရထားတွဲ စတင်ပြေးဆွဲ

2021-12-14 17:31:46 |သတင်းအရင်းအမြစ် 新华网

ဒီဇင်ဘာလ(၁၃)ရက်နေ့ တရုတ်-လာအို (ရီဝူး-ဗီယင်ကျမ်း) အပြည်ပြည်ဆိုင်ရာ ကုန်စည်ရထားတွဲသည် တရုတ်နိုင်ငံ ရီဝူးအနောက်ဘက်ဘူတာရုံမှ စတင်ထွက်ခွာခဲ့သည်။

ထိုရက်၌ အိမ်သုံးရေခဲသေတ္တာ၊ စက်အပိုပစ္စည်းများ၊ အထည်အလိပ်များ၊ ပိုတက်ဆီယမ် ဓာတ်မြေသြဇာ စသည့်ကုန်ပစ္စည်းများပါဝင်သော စံချိန်သေတ္တာ(၇၀)ခုအပြည့် သယ်ဆောင်သော တရုတ်-လာအိုရထားလမ်း (ရီဝူး-ဗီယင်ကျမ်း) အပြည်ပြည်ဆိုင်ရာ ကုန်စည်ရထားတွဲသည် တရုတ်နိုင်ငံ ကျဲကျန်းပြည်နယ် ရီဝူးအနောက်ဘက်ဘူတာရုံမှ စတင်ထွက်ခွာခဲ့ပါသည်။ ရထားတွဲသည် ယူနန်မော်ဟန်နယ်စပ်ဂိတ်မှ ဖြတ်သန်းပြီး နောက်ဆုံးတွင် လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းသို့ ရောက်ရှိမည်ဖြစ်သည်။ ခရီးစဉ်ပြေးဆွဲချိန်မှာ စုစုပေါင်း(၄)ရက်ကြာမည် ဖြစ်ပါသည်။