၂၀၂၁ ခုနှစ် တရုတ်-မြန်မာ Twin City မီဒီယာဖိုရမ်သည် “အပြန်အလှန်ယုံကြည်မှုတည်ဆောက်ကာ ဖလှယ်ရေးမြှင့်တင်။ ။ တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာ ပူးပေါင်းဆောင်ရွက်မှု အနာဂတ်ဆီသို့ ” ခေါင်းစဉ်ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ တရုတ်နှင့်မြန်မာနှစ်နိုင်ငံမှ မီဒီယာသမားများ၊ Think Tank ကျွမ်းကျင်ပညာရှင်များနှင့် တရုတ်-မြန်မာ ဘာသာပြန်ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မီဒီယာများ၊ Think Tank များအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ တရုတ်-မြန်မာဘာသာစကား ကျွမ်းကျင်သူများ မွေးထုတ်ခြင်းစသည့်အကြောင်းအရာကို နှစ်ဦးနှစ်ဖက်မှ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။