ဆောင်းရာသီနှင်း‌လျှောစီးနှင့်သေနတ်ပစ်ခြင်း(Biathlon)အမျိုးသားစင်တာတွင် နိုင်ငံတကာသင်တန်းရက်သတ္တပတ်စတင်

2021-12-30 13:58:04 |သတင်းအရင်းအမြစ် 新华网

ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် (၂၀၂၁/၂၀၂၂) ဆောင်းရာသီနှင်းလျှောစီးနှင့်သေနတ်ပစ်(Biathlon) နိုင်ငံတကာသင်တန်းရက်သတ္တပတ်ကို ပေကျင်းဆောင်းရာသီအိုလံပစ်ကျန်းကျားခေါ်ယှဉ်ပြိုင်ဇုန် ဆောင်းရာသီနှင်းလျှောစီးနှင့်သေနတ်ပစ်ခြင်း(Biathlon)အမျိုးသားစင်တာတွင် စတင်ခဲ့ပါသည်။ ၎င်းသည် “ပေကျင်းတွင် ဆုံတွေ့သည်”စီးရီး၏ ဆောင်းရာသီအားကစားပြိုင်ပွဲ စမ်းသပ်လှုပ်ရှားမှု နောက်ဆုံးတစ်ရပ် ဖြစ်ပါသည်။ ယခုအကြိမ်သင်တန်းရက်သတ္တပတ်သည် အချိန်(၄)ရက်ကြာပြီး ပြိုင်ပွဲလမ်းကြောင်း၊ သေနတ်ပစ်ကွင်း၊ ဖယောင်းလိမ်းအခန်း စသည့်သက်ဆိုင်ရာပစ္စည်းများအပေါ်စမ်းသပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။