ယူနန်လုံချွမ်းခရိုင်က ကြံရွက်ပြန်လည်အသုံးပြုသည့် နည်းစနစ်သစ်ဖြင့် ပြုလုပ်သည့် “ကော်ပြန့်လိပ်”

2021-01-18 11:29:12 |သတင်းအရင်းအမြစ် ယူနန်လုံချွမ်းခရိုင်က ကြံရွက်ပြန်လည်အသုံးပြုသည့် နည်းစနစ်သစ်ဖြင့် ပြုလုပ်သည့် “ကော်ပြန့်လိပ်”

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လုံချွမ်းခရိုင်တွင် နှစ်စဥ်နှစ်တိုင်း ကြံရိတ်သိမ်းချိန်တွင် ချိုမြိန်သော သီးထွက်ကောင်းများကို ရယူပြီးနောက် ရွှေဝါရောင် ကြံရွက်များသည် စိုက်ခင်းနေရာအနှံ့တွင် ကျန်ရစ်ခဲ့ပါသည်။ ယခင်က ပြည်လည်အသုံးချသည့်နည်းစနစ်များ ချိုတဲ့ခြင်းကြောင့် ကြံရွက်များကို မီးရှို့ဖျက်စီးရာ လေထုညစ်ညမ်းမှု ဆိုးဝါးစွာ ဖြစ်စေခဲ့ပါသည်။


အပြာရောင်ကောင်းကင် ကာကွယ်ထိန်းသိမ်းရေးလှုပ်ရှားမှု ဖော်ဆောင်ခြင်းနှင့် သိပ္ပံနည်းကျ စက်ယန္တရားအသစ်များ မိတ်ဆက်အသုံးပြုခြင်းနှင့်အညီ လက်ရှိအချိန်တွင် လုံချွမ်းကြံစိုက်ခင်းတွင် မီးရှို့ပြီးနောက် စိုက်ခင်းနေရာအနှံ့တွင် မီးခိုးဖုံးလွှမ်းပြီး မှောင်မိုက်သောမီးခိုးများကို လုံးဝ မတွေ့နိုင်တော့ဘဲ အမြင့်အရှည် ၁ မီတာရှိသည့် “ကော်ပြန့်လိပ်ကြီး” များစွာကို တွေ့မြင်လာရပါသည်။ ကြံရွက်များဖြင့် မြင့်မားသော “ကော်ပြန့်လိပ်ကြီး”ကို မည်သို့ ပြုလုပ်သနည်း။


အဆိုပါ “ကော်ပြန့်လိပ်ကြီး” ပြုလုပ်ရာတွင် အလိုအလျောက် စက်ယန္တရားကို အသုံးပြုပါသည်။ ယင်းစက်ယန္တရားသည် ကြံအရွက်များကို တစ်နေရာတွင် စုဆောင်းထားရှိကာ လယ်ထွန်စက် မောင်းနှင်လိုက်သည်နှင့် ကြံအရွက်များကို ရွှေရောင်ကြိုးတစ်ချောင်းကဲ့သို့ စုသိမ်းလိုက်ပါသည်။ ပေါင်းစပ်ပြီးသည့် ကြံအရွက်များကို အစာထည့်ခြင်း (သို့) အခြားသော အသုံးဝင်ပုံဖြင့် ထည့်သွင်းအသုံးပြုလိုက်ပါသည်။


ဆောင်းပါးအရင်းအမြစ် ။ ။ လုံချွမ်းခရိုင်မီဒီယာစင်တာ