ရွှေလီအကောက်ခွန်ဌာနသည် မူရင်းထုတ်ကုန်နေရာအသိအမှတ်ပြုလက်မှတ်ဝန်ဆောင်မှု မြှင့်တင်ဆောင်ရွက်ခြင်း

2021-01-18 11:50:25 |သတင်းအရင်းအမြစ် 德宏团结报

ရွှေလီအကောက်ခွန်ဌာနမှ ထုတ်ပေးသည့် မူရင်းထုတ်ကုန်နေရာ အသိအမှတ်ပြု လက်မှတ်“စမတ်စစ်ဆေးခြင်း”စနစ်ကို ယခုရက်ပိုင်းတွင် ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင် ခဲ့ပါသည်။ ၎င်းစနစ်သစ်မှတစ်ဆင့် စက်ကိရိယာဖြင့် စစ်ဆေးနိုင်သည့်အကြောင်းမှာ မူရင်းထုတ်ကုန်နေရာအသိအမှတ်ပြုလက်မှတ် ၂၂ မျိုးစလုံးအား တိုးချဲ့ခဲ့ပါသည်။ စစ်ဆေး ခြင်းသတ်မှတ်ချက်များကို သိပ္ပံနည်းကျ ပြုပြင်ပြောင်းလဲလိုက်သည့်အတွက် ယင်း လက်မှတ်များအား တိကျမှန်ကန်စွာ၊ အချိန်မီ စစ်ဆေးနိုင်သည့်အရည်အသွေး ရှေ့အဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပါသည်။ အကောက်ခွန်ဌာနမှ မူရင်းထုတ်ကုန်နေရာအသိအမှတ်ပြုလက်မှတ် နှင့်စပ်လျဥ်းသည့် လုပ်ငန်းများကို များစွာ မြှင့်တင်ပေးပါသည်။


ရွှေလီမြို့ တာ့ထုံကုမ္ပဏီမှ လျှောက်ထားသည့် တရုတ်-အာဆီယံ မူရင်းထုတ်ကုန်နေရာ အသိအမှတ်ပြုလက်မှတ်တစ်စောင်မှာ ရွှေလီအကောက်ခွန်ဌာနမှ စမတ်စစ်ဆေးခြင်းစနစ် ဖြင့် စစ်ဆေးပြီး ခွင့်ပြုပေးသည့် ပထမဆုံးလက်မှတ်ဖြစ်ပါသည်။ သို့ဖြစ်၍၊ ရွှေလီမူရင်း ထုတ်ကုန်နေရာအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရာတွင် “စက္ကန့်ပိုင်းဖြင့် စစ်ဆေးနိုင်ခြင်း”ခေတ်ကို တရားဝင် ရောက်ရှိခဲ့ပါသည်။ ယင်းဒေသအတွင်း လုပ်ငန်းအဖွဲ့များသည် တစ်ရက်လျှင် ၂၄ နာရီပတ်လုံး အိမ်မှ မထွက်ဘဲ အချိန်မရွေး၊ နေရာမရွေး ဆောင်ရွက်နိုင်သော မူရင်းထုတ်ကုန်နေရာ အသိအမှတ်ပြုလက်မှတ် ဝန်ဆောင်မှုကို ခံစားနိုင်ပါသည်။
တရုတ်(ယူနန်) လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးစမ်းသပ်ဇုန် တယ်ဟုန်ဇုန် ထူထောင်ပြီးနောက်၊ ရွှေလီအကောက်ခွန်ဌာနသည် မူရင်းထုတ်ကုန်နေရာ အသိအမှတ်ပြု လက်မှတ်အရေးပါသော အချက်များကို ပြန်လည်သုံးသပ်ပြီး ဒေသတွင်းလုပ်ငန်းအဖွဲ့ များအား“တစ်ဦးချင်း”စုံစမ်းမေးမြန်းခြင်းဝန်ဆောင်မှုကို ထောက်ပံ့ပေးပါသည်။ ယင်း လုပ်ငန်းအဖွဲ့များသည် အသိအမှတ်ပြုလက်မှတ်ပေါ်လစီနှင့် မူရင်းထုတ်ကုန်နေရာ အကောက်ခွန်ဦးစားပေးပေါ်လစီများကို လျင်မြန်စွာ သိရှိစေရန် အကျိုးပြုနိုင်ပါသည်။
စာရင်းအရ ၂၀၂၀ ပြည့်နှစ်တွင် ရွှေလီအကောက်ခွန်ဌာနသည် မူရင်းထုတ်ကုန် နေရာ အသိအမှတ်ပြုလက်မှတ် ၇၅၇ ဆောင်ကို အောင်မြင်စွာ ထုတ်ပေးခဲ့ကြောင်း၊ ခွင့်ပြုထုတ်ပေး ပြီးသည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၄၇.၅၇ သန်းရှိပြီး ယမန်နှစ်အလားတူ ကာလထက် ထုတ်ပေးသည့်အရေအတွက်မှာ ၉၈% တိုးမြှင့်ကာ ငွေပမာဏမှာ ၃၆ % မြင့်တက်လာကြောင်း သိရပါသည်။
ဝေါဟာရဖွင့်ဆိုချက်။ ။
မူရင်းထုတ်ကုန်နေရာအသိအမှတ်ပြုလက်မှတ်ဆိုသည်မှာ ကုန်စည်(သို့)ကုန်ပစ္စည်း ထွက်ရှိသည့် နေရာ၊ ထုတ်လုပ်သည့်နေရာမှ တရားဝင် ထုတ်ပေးသည့် သက်သေစာရွက် စာတမ်းဖြစ်ပါသည်။ ပို့ကုန်လုပ်ငန်းအဖွဲ့များသည် အကောက်ခွန်ဌာနမှ ထုတ်ပေးသည့် ဦးစားပေးမူရင်းထုတ်ကုန်နေရာအသိအမှတ်ပြုလက်မှတ်ဖြင့် ပို့ကုန်များ တင်သွင်းသည့် နိုင်ငံ(သို့)ဒေသမှ အကောက်ခွန် ၅%မှ ၁၀၀%အထိ အကောက်ခွန်သက်သာခွင့် အသီးသီး ခံစားနိုင်ပါသည်။ နိုင်ငံတကာကုန်သွယ်ရေးတွင်“ရွှေစက္ကူ”ဟု ချီးမြှင့်ခေါ်ဝေါ်ပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်စည်းလုံးညီညွတ်ရေးသတင်းစာ