တယ်ဟုန်ပြည်နယ်ခွဲ၏ ၂၀၂၀ ပြည့်နှစ် ဒေသတွင်း GDPသည် ယူနန်ပြည်နယ်တွင် ပထမနေရာ၌ရှိ

2021-02-05 18:57:59 |သတင်းအရင်းအမြစ် 德宏团结报

၂၀၂၀ ပြည့်နှစ် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ စဉ်ဆက်မပြတ် အားကောင်းလျက်ရှိပါသည်။ ကိန်းဂဏန်းများစွာသည် ယူနန်ပြည်နယ်တွင် ရှေ့တန်းနေရာ၌ တည်ရှိပါသည်။ တစ်ပေါင်းတည်းစုစည်း စစ်ဆေးပြီးသောဒေသတွင်း GDP အရ ၂၀၂၀ ပြည့်နှစ် တယ်ဟုန်ပြည်နယ်ခွဲ၏ဒေသတွင်း GDP စုစုပေါင်းငွေပမာဏမှာ ၅၇.၅၅၄ ဘီလီယံ ရှိပြီး အလားတူကာလထက် ၇.၉ ရာခိုင်နှုန်း တိုးလာကာ ယူနန်ပြည်နယ်တွင် ပထမနေရာ၌ ရပ်တည်လျက်ရှိပါသည်။ ၎င်းအနက်၊ အဓိကထုတ်လုပ်မှုလုပ်ငန်းမှ တိုးတက်မှုမှာ တရုတ်ယွမ် ၁၂.၀၄၁ ဘီလီယံရှိပြီး အလားတူကာလထက် ၅.၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဒုတိယထုတ်လုပ်မှုလုပ်ငန်းမှ တိုးတက်မှုမှာ တရုတ်ယွမ် ၁၂.၁၅၂ ဘီလီယံရှိပြီး အလားတူကာလထက် ၁၂.၃ ရာခိုင်နှုန်း တိုးလာကြောင်း၊ တတိယထုတ်လုပ်မှုလုပ်ငန်းမှ တိုးတက်မှုမှာ တရုတ်ယွမ် ၃၃.၃၆ ဘီလီယံရှိပြီး အလားတူကာလထက် ၆.၉ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။