တရုတ်-မြန်မာနှစ်နိုင်ငံ ဆောင်းဦးပဲထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ် ဝိန်ကန်က အကြံပြု

2021-03-11 18:50:36 |သတင်းအရင်းအမြစ် 德宏团结报

  ယခုရက်ပိုင်းတွင်တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်၊ တယ်ဟုန်တိုင်၊ ဂျိမ်းဖော တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး၊ ပြည်နယ်ခွဲအုပ်ချုပ်ရေးမှူး ဝိန်ကန်သည် ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ်အစည်းအဝေးကို တက်ရောက်ရာတွင်  တရုတ်-မြန်မာ လယ်ယာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးထားတင်ပြခဲ့ပါသည်။ ဝိန်ကန်က ၎င်းအစည်းအဝေးတွင် “တရုတ်-မြန်မာ နှစ်နိုင်ငံ ဆောင်းဦးပဲထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အကြံပြုချက်များ”တင်ပြပါသည်။

တရုတ်-မြန်မာနှစ်နိုင်ငံ တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ချစ်ခင် ရင်းနှီးလျက်ရှိကြောင်း၊ ယခုနှစ်ပိုင်းတွင် တရုတ်-မြန်မာနှစ်နိုင်ငံ နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမှာ အဆက်မပြတ် နက်ရှိုင်းကာ ၎င်းအနက် လယ်ယာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုမှာ ထူးခြားချက်တစ်ရပ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားသိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု ပူးတွဲဖွံ့ဖြိုးတိုးတက်မှု ပိုပိုခိုင်မာစေကာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆောင်းဦးပဲထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး နှစ်နိုင်ငံအကြားအကျိုးတူ ဖြည့်စွက်ပေးနိုင်ကြောင်း၊ အပြန်အလှန် အကျိုးတူအောင်မြင်မှုရရှိစေနိုင်သည့်အပြင် နှစ်ဦးနှစ်ဖက်တို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင်စေကြောင်း ဝိန်ကန်က တင်ပြခဲ့ပါသည်။