ယူလင်မီးသတ်အဖွဲ့၏ ဆောင်းရာသီ လေ့ကျင့်မှုပြိုင်ပွဲမြင်ကွင်း

2021-12-24 20:02:21 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်မီးသတ်ကယ်ဆယ်ရေးအဖွဲ့ “ယူလင်ဓားထက်” တာဝန်ကျရာထူး လေ့ကျင့်မှုပြိုင်ပွဲ စတင်ယှဉ်ပြိုင်ခဲ့သည်။ ပြည်နယ်တစ်ခုလုံးမှလာရောက်သည့် အဖွဲ့(၁၆)ဖွဲ့သည် မီတာတစ်ရာမီးလောင်မှု အတားအဆီးဖြတ်ကျော်ခြင်း၊ ချိတ်လှေကားတက်ခြင်း၊ တိုက်ခိုက်မှုစွမ်းရည်စသည့် တစ်ဦးချင်းစွမ်းရည်ကျွမ်းကျင်မှုဘာသာရပ်(၃)ခုနှင့် မီးသတ်သေနတ်နှင့်အတူ ပေါင်းစပ်မီးငြိမ်းသတ်ခြင်း လေ့ကျင့်ခန်း၊ အထပ်မြင့်တိုက် မီးဘေးကယ်ဆယ်ရေးလေ့ကျင့်ခန်း၊ မီးငြှိမ်းသတ်ရေးနှင့်ကယ်ဆယ်ရေး လေ့ကျင့်ခန်း စသည့် အဖွဲ့လိုက်လေ့ကျင့်မှုဘာသာရပ်(၃)ခုတို့ ယှဉ်ပြိုင်မှုများ လုပ်ဆောင်ကြခြင်းဖြင့် “မီးတောက်အပြာ”၏ လျင်မြန်မှုနှင့်စိတ်အားထက်သန်မှုကို ပြသခဲ့ပါသည်။