တရုတ်ရိုးရာနှစ်သစ်ကူးနွေဦးပွဲ ရောက်တော့မည်ဖြစ်ရာ အိမ်တိုင်းအိမ်တိုင်း ဝက်သားခြောက်အမွှေးရနံ့ သင်းပျံ့နေ

2021-01-25 17:52:47 |သတင်းအရင်းအမြစ် 新华网

တရုတ်ရိုးရာနှစ်သစ်ကူးနွေဦးပွဲကို ရောက်တော့မည်ဖြစ်ရာ တရုတ်ရိုးရာဓလေ့အတိုင်း ကျေးရွာများတွင် ဝက်သားကို ဆားနယ်ကာ လေသလပ်ခံ နေလှမ်းခြင်းကို စတင်လုပ်ဆောင်နေကြသည်။ ပုံတွင် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ရှန်းမြို့ ရှီးရှီးနန်မြို့နယ်မှ ရွာသူရွာသားသည် အန်းဟွေးပြည်နယ်၏ ရိုးရာအရသာရှိသော ဝက်သားခြောက်ကို ပြုလုပ်နေစဥ် ဖြစ်သည်။ ရွာသူရွာသားများသည် ဝက်ပေါင်၊ ဝက်သားများကို ဆားနယ်ပြီး လေသလပ်ခံ နေလှမ်းနေသကဲ့သို့ ဝက်အူချောင်းများကိုလည်း ပြုလုပ်နေကြပါသည်။