ယူနန်ပြည်နယ်တွင် ရှုခင်းသာအပန်းဖြေနေရာများတိုးလာပြီး အလွန်လှနေသည်

2021-02-18 17:16:20 |သတင်းအရင်းအမြစ် 新华网

ယခုနှစ် တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ကာလတွင် ယူနန်အမြန်ကားလမ်းမတစ်လျှောက် ယာယီယာဉ် ရပ်နားစခန်းများသည် အလွန်လှပသောကြောင့် ခရီးသည်များကို ဆွဲဆောင်နေပါသည်။ “မော်တော်ယာဥ်ခဏရပ်ပြီး သန့်စင်ခန်းသွားချင်လို့ ယာယီယာဉ်ရပ်နားစခန်းကို ဝင်ခဲ့တယ်။ ဥယျာဥ် ထဲကို ရောက်သွားသလို ခံစားရပြီး ရှုခင်းတွေက အရမ်းလှနေတယ်”ဟု ခရီးသွားတချို့က ပြောသည်။ ၎င်းယာယီယာဉ်ရပ်နားစခန်းများတွင် သိန်းနှင့်ချီသောပန်းများ ဖူးပွင့်နေသည်ကို တွေ့ရှိနိုင်သကဲ့သို့ ဈေးဝယ်စင်တာ၊ ကလေးကစားကွင်းကိုလည်း သွားရောက်လည်ပတ်နိုင်သည်။ ထို့ပြင်၊ ဒေသစား ကောင်းသောက်ဖွယ်များကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသည်။ (သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan Gateway)