တယ်ဟုန်၏“အတော်အသင့်ချမ်းမြေ့သာယာသော ဘ၀မှတ်တမ်း”။ ။ ရှီထီကျေးရွာမှ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို တပြိုင်နက်တည်း ဖော်ဆောင်

2021-02-26 18:06:18 |သတင်းအရင်းအမြစ် 云南日报

ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ရင်ကျန်းခရိုင် ထိုက်ဖိန်မြို့နယ် ရှီထီကျေးရွာသည် တရုတ်-မြန်မာ နယ်စပ်ဒေသတွင် တည်ရှိပါသည်။ ယခင်က ၎င်းကျေးရွာသည် နက်ရှိုင်းသော ဆင်းရဲနွမ်းပါးမှု ရှိသည်။
ယခုနှစ်ပိုင်းတွင် ရှီထီကျေးရွာသည် “စိမ်းလန်းစိုပြေသော တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည်”ဟူသော အတွေးအခေါ်ဖြင့် သစ်ပင်များ စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးပုံစံကို ပြောင်းလဲခြင်းနှင့် သစ်တော အုပ်ချုပ်ကာကွယ်ရေးစနစ် ပြည့်စုံစေခြင်း စသည်တို့ကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပြီး စိမ်းလန်းစိုပြေသော တောတောင်ရေမြေကို ဖန်တီးလိုက်ပါသည်။ ရှီထီကျေးရွာတွင် ငှက်ရှုစားခြင်းအပန်းဖြေ အမှတ်တံဆိပ်ကောင်း ဖန်တီးကာ ခရီးသည်များအား ဆွဲဆောင်လိုက်ပါသည်။ အပန်းဖြေတည်းခိုခန်းနှင့် စားသောက်ဆိုင်များစသည့် ဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ကာ “စိမ်းလန်းစိုပြေသော တောတောင်ရေမြေ”မှ “ရွှေတောင်ငွေတောင်”သို့ ပြောင်းလဲဖြစ်မြောက်စေခဲ့ပါသည်။ ရှီထီကျေးရွာသည်လည်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ အဆင့်မြှင့်တင် ပြောင်းလဲမှုနှင့် ဆင်းရဲနွမ်းပါးမှုလေျှာ့ချရေးတို့ကို တပြိုက်နက်တည်း အကျိုးတူဖွံ့ဖြိုးစေသော လမ်းကြောင်းကို ရှာဖွေ လျှောက်လှမ်းလျက်ရှိနေပါသည်။