ယူနန်ပြည်နယ် ကျင်းဖျင်တွင် လိပ်ပြာပေါင်းသန်းချီ ပျံသန်းလျက်ရှိ

2021-06-08 18:38:45 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် ဟုန်ဟော်ဟာနီ၊ ရီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲမှ တရုတ်ဟုန်ဟော်လိပ်ပြာဂူနယ်မြေတွင် လိပ်ပြာလောင်းများ အတောင်ပံထွက်ကာ သစ်တောနှင့် မြစ်ချောင်းတဝိုက်တွင် သန်းချီစုဝေးလျက် ရှိသည်။ ဆယ်စုနှစ်အတွင်း “ကြီးမားသောလိပ်ပြာပေါက်ပွားမှု” ဖြစ်လာပြီး ပျံသန်းနေသောလိပ်ပြာများကို လာရောက်ကြည့်ရှု၊ ဓာတ်ပုံရိုက်ကြသော ခရီးသွားဧည့်သည် အများအပြား ရှိနေပါသည်။