ချင်းဟိုင်မြစ်သည် တရုတ်နိုင်ငံ၏ အကြီးဆုံးသော ကုန်းတွင်းပိုင်းရေငန်အိုင်ဖြစ်သည်။ အရှေ့မြောက်ပိုင်း ချင်းဟိုင်တိဘက်ကုန်းပြင်မြင့်၏ ဂေဟစနစ်ကို ထိန်းသိမ်းပေးသည့်အပြင် တရုတ်နိုင်ငံအနောက်ပိုင်း ဂေဟစနစ် ဟန်ချက်ညီမှုအတွက် အရေးပါသော ရေအရင်းအမြစ်ဖြစ်သည်။ အနောက်ဘက်မှသဲကန္တာရအား အရှေ့ဘက်သို့ မကူးရန် ထိန်းချုပ်ပေးပြီး အရှေ့ဘက်စိုက်ပျိုးရေးဧရိယာ ဘေးကင်းလုံခြုံရေးအတွက် သဘာဝအကာအရံတစ်ခု ဖြစ်နေပါသည်။