ယူနန်ပြည်နယ်ရှိ အလှဆုံးကျေးရွာ ချိန်ကျိရွာဟောင်း

2021-06-24 19:14:17 |သတင်းအရင်းအမြစ် 旅游文化时报

ချိန်ကျိရွာဟောင်းသည် ယူနန်ပြည်နယ် လူရှီခရိုင်တွင် တည်ရှိသည်။ မင်မင်းဆက်ခေတ်(၁၃၆၈ ခုနှစ်မှ ၁၆၄၄ ခုနှစ်အထိ)တွင် တည်ထောင်ခဲ့ပြီး ရှေးဟောင်းရဲတိုက်ပုံစံကျေးရွာတစ်ခုဖြစ်သည်။ အထင်ရှားဆုံးလက္ခဏာမှာ ရွာတွင်ရှိသော ရီတိုင်းရင်းသားများ၏ မြေဆီလွှာအုန်းအိမ်များ၏ နံရံများသည် ချိတ်ဆက်ထားလျက်ရှိပြီး အပေါ်သို့ အဆင့်ဆင့်တက်သွားသည်။ အောက်ထပ်ရှိ နေအိမ်များ၏ခေါင်မိုးသည် အပေါ်ထပ်အိမ်များ၏ ခြံနှင့် နေလှမ်းကွင်းပြင် ဖြစ်သည်။ ရွာတစ်ခုလုံးရှိ နေအိမ်တိုင်းသည် တူညီသောပုံသဏ္ဌာန်ရှိပြီး ဝင်္ဏကမ္ဘာကဲ့သို့ ရှိနေပါသည်။