ရောင်စုံအဝေးပြေးလမ်းမကြီးကို အဆွေတွေ့ဖူးသလား

2021-06-30 18:39:13 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် ရောင်စုံအဝေးပြေးလမ်းမကြီးတစ်ခုရှိပြီး ၎င်းသည် မြင့်ချည်နိမ့်ချည် တောင်တန်းများ၊ စိမ်းလန်းစိုပြည်သောသစ်တောများနှင့် တဆက်တည်းရှိနေကာ တောင်တန်းနှင့်သစ်တောများအကြား ရောင်စုံသက်တံ့ ကျရောက်နေသကဲ့သို့ လှပနေပါသည်။

၎င်းလမ်းမသည် ရှီစန်းခရီးသွားလမ်းမကြီးဖြစ်ပြီး ပတ်ဝန်းကျင် လူနေမှုယဥ်ကျေးမှုဆိုင်ရာရှုခင်းသာ ၄၉ ခုနှင့် ဆင်ခြင်ဖုံးရပ်ကွက်ရှိ သစ်တောဥယျာဥ် ၁၇ ခုကို တစ်ခုနှင့်တစ်ခုချိတ်ဆက်နေကာ ပတ်ဝန်းကျင် ရှုခင်းသာ ၁၀၀ ကျော်ကို ဖြန့်ကျက်ဆွဲဆောင်လျက်ရှိနေပါသည်။