တရုတ်နိုင်ငံ ချုံချင့်တွင် သမိုင်းသက်တမ်း နှစ်ပေါင်း ၅၀၀ ကျော်ရှိ ဖုန်ရွှေမြောင်လူမျိုးကျေးရွာသည် ဇီဝကောင်းမွန်ခြင်းနှင့် ယဉ်ကျေးမှုထွန်းကားခြင်းကြောင့် ခရီးသည်များအား ဆွဲဆောင်လျက်ရှိ

2021-07-27 19:21:01 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ချုံချင့်မြို့ ဖုန်ရွှေမြောင်၊ ထူကြား တိုင်းရင်းသားခရိုင် လော်ကျားထော်မြောင်လူမျိုး ကျေးရွာသည် ၃.၄ စတုရမ်းကီလိုမီတာ ကျယ်ဝန်းပြီး ချုံချင့်မြို့ရှိ အတိုင်းအတာအကြီးမားဆုံးသော၊ ရှေးခေတ်ပုံစံနှင့် ယဥ်ကျေးမှုကာကွယ်ထိန်းသိမ်းရေး အကောင်းဆုံးသော အိမ်ထောင်စုပုံစံ မြောင်ရွာတစ်ခုဖြစ်ကာ သမိုင်းသက်တမ်း နှစ်ပေါင်း ၅၀၀ ကျော်ရှိသည်။ ယခုနှစ်ပိုင်းတွင် ၎င်းသည် မြောင်တိုင်းရင်းသားယဥ်ကျေးမှု၊ လယ်ယာစိုက်ပျိုးရေးယဥ်ကျေးမှု အစရှိသည်တို့ ဖြစ်ထွန်းလာသကဲ့သို့ ဇီဝပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားပါသည်။ ယခုအချိန်တွင် ဖုန်ရွှေမြောင်လူမျိုး ကျေးရွာသည် ခရီးသည်များအား ဆွဲဆောင်နေသော ရှုခင်းသာကောင်းတစ်ခုဖြစ်လျက်ရှိသည်။