သမိုင်းနှင့် ယဉ်ကျေးမှု နာမည်ကြီးမြို့တော်ဖြစ်သည့် ဝေးဆန်း ရှေးဟောင်းမြို့တော်

2021-09-14 15:19:15 |သတင်းအရင်းအမြစ် 云南日报

နှစ်ပေါင်း ၆၀၀ ကျော်သမိုင်းကြောင်းရှိသော ဝေးဆန်း ရှေးဟောင်းမြို့တော်သည် ယူနန်ပြည်နယ်၊ တာလီ ပိုင်တိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ဝေးဆန်း ယီ၊ ဟွေ တိုင်းရင်းသားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် တည်ရှိသည်။ အဆိုပါမြို့တော်သည် ယူနန်ပြည်နယ်၏ အရေးပါသော ယဉ်ကျေးမှုခရီးသွားနေရာတစ်ခုဖြစ်ရုံမျှမက အမျိုးသားသမိုင်းနှင့် ယဉ်ကျေးမှု နာမည်ကြီးမြို့တော်လည်း ဖြစ်သည်။

မင်မင်းဆက်အစောပိုင်းတွင် ဝေးဆန်း ရှေးဟောင်းမြို့တော် တည်ဆောက်ခဲ့ပြီး မြို့တော် ဧရိယာသည် (၀.၇) စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းသည်။ ယနေ့တွင် မြို့တော်၏ ဧရိယာသည် (၄) စတုရန်းကီလိုမီတာ ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ မင် နှင့် ချင် မင်းဆက်မှ ရှေးဟောင်း အဆောက်အအုံများစွာကို ဝေးဆန်းရှေးဟောင်းမြို့တော်၌ ပြည့်စုံစွာ ထိန်းသိမ်းထားဆဲဖြစ်သည်။