တရုတ်နိုင်ငံ ဒေသအသီးသီးတွင် ရိုးရာလမုန့်ပွဲတော်ကို ကြိုဆိုရန် မီးအိမ်နှင့် လမုန့်များ ပြုလုပ်

2021-09-18 16:41:59 |သတင်းအရင်းအမြစ် 新华网

နှစ်စဉ် တရုတ်ပြက္ခဒိန် ၈ လ ၁၅ ရက်နေ့ လပြည့်နေ့သည် တရုတ်ရိုးရာပွဲတော် လမုန့်ပွဲတော် ဖြစ်ပါသည်။ ယခုနှစ်တွင် နိုင်ငံတကာပြက္ခဒိန် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်ပါသည်။ လမုန့်ပွဲတော်ကို ကြိုဆိုရန်အတွက် တရုတ်နိုင်ငံ နေရာဒေသအသီးသီးတွင် မီးအိမ်နှင့် လမုန့်ကို ပြုလုပ်နေကြကြောင်း သိရသည်။