2021-09-22 18:51:01 |သတင်းအရင်းအမြစ် 新华网
ချင်းထျန် (Qingtian) ကျောက်သည် တရုတ်နိုင်ငံ၏ နာမည်ကျော် ကျောက်လေးလုံးထဲမှ တစ်ခုဖြစ်သည်။ ချင်းထျန်ကျောက်ထွင်းပန်းပုသည် ချင်းထျန်ကျောက်ခဲကို ထွင်းထုပစ္စည်းအဖြစ် အသုံးပြုနေသည်မှာ နှစ်ပေါင်းထောင်ချီ သမိုင်းရှိပြီး လှပသောပုံစံနှင့် လက်ရာမြောက်သော လက်ရာများကြောင့် လူအများ ကြိုက်နှစ်သက်သည်။ ထို့ကြောင့် “ကျောက်တုံးပေါ်မှာ ပန်းပုံဖော်ခြင်း”ဟုဆိုသည့် နာမည်ဂုဏ်သတင်းကို ခံစားရရှိသည်။ ၂၀၀၆ ခုနှစ်တွင် ချင်းထျန်ကျောက်ထွင်းပန်းပုသည် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း၏ ပထမအသုတ်တွင် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၈ ခုနှစ်တွင် ချင်းထျန်ကျောက်ထွင်းပန်းပုသည် အမျိုးသားရိုးရာလက်မှု ပြန်လည်ရှင်သန်စေသော စာရင်းများ၏ ပထမအသုတ်တွင် ရွေးချယ်ခဲ့သည်။ ယခုအချိန်ထိ ချင်းထျန်ခရိုင်တွင် ချင်းထျန်ကျောက်ထွင်းပန်းပု ပညာရှင်သည် အယောက် ၂၀၀၀၀ ကျော်ရှိပြီး ၎င်းတို့ထဲတွင် တရုတ်အနုပညာနှင့်လက်မှုပညာရှင် ၈ ဦး၊ ကျက်ကျန်းပြည်နယ်မှ အနုပညာနှင့်လက်မှုပညာရှင် ၄၉ ဦးပါဝင်ကြောင်း သိရပါသည်။