ယူနန်ပြည်နယ် ချန်းနင်ခရိုင်တွင် တောရိုင်း Osmanthus ရှေးဟောင်းသစ်ပင်အသိုင်းအဝိုင်းကို ရှာဖွေတွေ့ရှိပြီး ရှေးအကျဆုံးသစ်ပင်သည် နှစ်တစ်ထောင်ကျော် သက်တမ်းရှိ

2021-10-21 09:18:11 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် ချန်းနင် လန်ချန်းမြစ် ခရိုင်အဆင့် သဘာဝဘေးမဲ့တော၌ ဧရိယာကျယ်ဝန်းသော တောရိုင်း Osmanthus ရှေးဟောင်းသစ်ပင်အသိုင်းအဝိုင်းကို တွေ့ရှိပြီး ဒေသသစ်တောဌာန၏ စုံစမ်းချက်အရ ရှေးအကျဆုံးသစ်ပင်သည် နှစ်တစ်ထောင်ကျော် သက်တမ်းရှိကြောင်း သိရပါသည်။ ယခုတွေ့ရှိသော Osmanthus ရှေးဟောင်း သစ်ပင်အသိုင်းအဝိုင်းသည် ပင်လယ်ရေပြင်အထက် မီတာ ၂၃၀၀ ခန့်တွင်ရှိပြီး ၎င်းတို့အနက် အကြီးဆုံးအပင်၏ အမြစ်လုံးပတ်သည် ၂.၇၄ မီတာအထိ ရှိကာ မြေပြင်လုံးပတ် ၈၇ စင်တီမီတာအထိ ရှိသည်။ အဆိုပါသစ်ပင်သည် နှစ် ၁၀၀၀ ကျော်သက်တမ်းရှိသည် ဟုခန့်မှန်းထားကြောင်း သိရပါသည်။

အဆိုပါ အဓိကတွေ့ရှိချက်သည် လန်ချန်းမြစ် တစ်လျှောက်ရှိ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ လေ့လာချက်အတွက် အလွန်တန်ဖိုးရှိကြောင်း သိရပါသည်။