အော်ဟိုင်ရေကန်ကြီးတွင် ပင်လယ်ပန်းဂေါ်ဖီများ အပြည့်ပွင့်နေပြီး သဘာဝဂေဟ၏ အလှတရားကို ပြသနေ

2021-11-03 10:35:04 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တာလီ ပိုင် တိုင်းရင်းသားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ အော်ဟိုင်ရေကန်ကြီးတွင် ပင်လယ်ပန်းဂေါ်ဖီများသည် ‌ရေပေါ်တွင် အပြည့်ပွင့်နေကြသည်။ ပင်လယ်ပန်းဂေါ်ဖီကို "ရေအရည်အသွေး ထိတွေ့ကျောက်" ဟု ခေါ်ပြီး လွန်ခဲ့သည့် နှစ်များစွာက ပင်လယ်ပန်းဂေါ်ဖီများသည် အော်ဟိုင်၏ အနောက်ပိုင်းတဝိုက်တွင်သာ ပေါက်လေ့ရှိသော်လည်း ရေတွင်းသတ္ထုဓာတ်နှင့်အတူ အော်ဟိုင်ရေကန်ကြီး၌ ပင်လယ်ပန်းဂေါ်ဖီကို တွေ့ရှိရန် ခက်ခဲပါသည်။ မကြာမီနှစ်များက အော်ဟိုင်၏ ကာကွယ်ထိန်းချုပ်မှု အပါအဝင် လုပ်ဆောင်ချက်အသီးသီး၏ နက်ရှိုင်းစွာ တွန်းအားပေးခြင်းနှင့်အတူ အော်ဟိုင်ရေကန်ကြီး၏ ရေအရည်အသွေးသည် စဉ်ဆက်မပြတ် တည်ငြိမ်တိုးတက်နေပါသည်။ ပင်လယ်ပန်းဂေါ်ဖီများ၊ မြက်ခါးစသော အော်ဟိုင်ထဲရှိ ရေနေအပင်များ၏ဧရိယာသည် တဖြည်းဖြည်း တိုးပွားလာပြီး တည်ငြိမ်သော ရေနေအပင်များ ဖြစ်လာပါသည်။