မူလတန်းကလေးတို့သည် နေ့စဉ်ကျောင်းဆင်းချိန်တွင် ကျွမ်းကျင်သည့် စားဖိုမှူးဖြစ်လာ

2021-11-11 18:47:51 |သတင်းအရင်းအမြစ် 新华网

မူလတန်းကလေးတို့သည် နေ့စဉ်ကျောင်းဆင်းပြီးချိန်တွင် မည်သည့်နေရာသို့သွားကစားနေမည် ဆိုသည်မှာ တရုတ်မိဘများစွာအတွက် အလွန်ဂရုစိုက်သည့် အကြောင်းအရာတစ်ခုဖြစ်လာသည်။ ယခုရက်ပိုင်းတွင် ကွမ်တုံးပြည်နယ် ဖော်စန်းမြို့၏ မူလတန်းကျောင်းတစ်ခုသည် ဟင်းမျိုးစုံချက်ပြုတ်ခြင်း အသက်မွေးဝမ်းကျောင်းတစ်ခုနှင့် ပူးတွဲပြီး နေ့စဥ်ကျောင်းဆင်းချိန်တွင် ကလေးများအတွက် ဟင်းချက်နည်းသင်တန်း ဖွင့်လှစ်ပေးခဲ့သည်။ ဟင်းမျိုးစုံနှင့်ပါဝင်ပစ္စည်းများကို သိရှိစေခြင်းနှင့် ချက်ပြုတ်နည်းကို သင်ပေးခြင်း မှတစ်ဆင့် ကလေးတို့၏ မိမိကိုယ်ကို စောင့်ရှောက်နိုင်ခြင်းစွမ်းရည်ကို မြှင့်တင်စေပါသည်။ ကလေးနှင့်မိဘတို့ကလည်း ယခုကဲ့သို့ သင်တန်းကို အလွန်စိတ်ဝင်စားကြပါသည်။