ချင်းဇန့်ကုန်းပြင်မြင့်ရှိ ကမ္ဘာမြေထိန်းသိမ်းကာကွယ်ရေးစနစ် သိပံ္ပပညာ စူးစမ်းလေ့လာရေး ပလက်ဖောင်းကို ပဏာမအားဖြင့် တည်ဆောက်ပြီးစီး

2021-11-15 15:02:09 |သတင်းအရင်းအမြစ် CRI

ချင်းဇန့်ကုန်းပြင်မြင့်သည် တရုတ်နိုင်ငံသာမက တစ်ကမ္ဘာ့လုံး ရာသီဥတုနှင့် ဂေဟစနစ်ပတ်ဝန်းကျင်လုံခြုံရေးအတွက် အရေးပါသော ဂယက်ရိုက်ခတ်မှု ရှိပါသည်။ ဒုတိယအကြိမ် ချင်းဇန့်ကုန်းပြင်မြင့်ဒေသ သိပ္ပံပညာ စူးစမ်းလေ့လာရေးကို ၂၀၁၇ ခုနှစ်မှ စတင်ပြုလုပ်ခဲ့သည့်နောက်ပိုင်း အောင်ကျိုးရလဒ်များစွာရရှိပြီ ဖြစ်ပါသည်။ ချင်းဇန့်ကုန်းပြင်မြင့်ရှိ ကမ္ဘာမြေ ထိန်းသိမ်းကာကွယ်ရေးစနစ် သိပ္ပံပညာ စူးစမ်းလေ့လာရေး ပလက်ဖောင်းကို ပဏာမအားဖြင့် တည်ဆောက်ပြီးစီးပြီ ဖြစ်၍ ဂေဟစနစ် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု သိပ္ပံပညာ စူးစမ်းလေ့လာရေး လုပ်ငန်းများကို ပြုလုပ်နေပါသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။ (CRI Myanmar)