နယ်စပ်ကျေးရွာ။ ။ ရွှေလီမြို့ လုံဝှမ်ကျေးရွာ

2021-11-19 10:00:03 |သတင်းအရင်းအမြစ် 新华网

ယူနန်ပြည်နယ် ရွှေလီမြို့ ကျယ်ရှံ့မြို့နယ် လုံဝှမ်ကျေးရွာသည် တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိပြီး အိမ်ထောင်စု ၁၀၂ စု၊ လူဦးရေ ၄၇၀ ရှိပါသည်။ ဒိုင်လူမျိုးများသည် လူဦးရေ၏ ၉၀% ကျော်ရှိပြီး သာမန် ဒိုင်ရွာတစ်ရွာ ဖြစ်ပါသည်။ ယခုနှစ် ဇူလိုင်လမှစ၍ ရွှေလီမြို့တွင် ကပ်ရောဂါအသစ် ဖြစ်ပွားခဲ့ပြီး ပိုမိုရှုပ်ထွေးသော ကပ်ရောဂါအခြေအနေနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် ဒေသတွင်းရှိလူများကို ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ပါဝင်ရန် တက်ကြွစွာ စည်းရုံးခဲ့သည်။ တဖက်တွင် ရွာသူရွာသားများအဖွဲ့မှ တရုတ်ကွန်မြူနစ်ပါတီဝင်များက ရွာသားများအား ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ တဖက်တွင်လည်း ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လိုအပ်ချက်များနှင့် ကိုက်ညီသော ထုတ်လုပ်မှုလုပ်ငန်းများကို ရွာသားများအား စုစည်းခဲ့သည်။ ကပ်ရောဂါဖြစ်ပွားသောကာလအတွင်း စောင့်ဆိုင်းခြင်းနှင့် အားကိုးခြင်း မလုပ်ဘဲ အခက်အခဲများကို ကျော်လွှားရန်နှင့် ဝင်ငွေတိုးရန် နည်းလမ်းများကို ရှာဖွေခဲ့ကြပါသည်။
ယူနန်ပြည်နယ် ရွှေလီမြို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညွှန်ကြားရေးဌာနမှ နိုဝင်ဘာလ ၁၅ ရက်နေ့ ညတွင် ထုတ်ပြန်ထားသည့် အကြောင်းကြားစာအရ ၁၆ ရက်နေ့မှစ၍ ကာကွယ်ရေးဇုန်ရှိ ဒေသခံများသည် တစ်ကိုယ်ရေ အကာအကွယ်များ ကောင်းမွန်စွာ ပြုလုပ်မှသာ ရွှေလီမြို့တွင် စနစ်တကျ ရွှေ့ပြောင်းသွားလာနိုင်ကြောင်း သိရပါသည်။