ဟားအော်ပင်းရေခဲကမ္ဘာ ဖွင့်လှစ်တော့မည်

2021-12-24 19:58:34 |သတင်းအရင်းအမြစ် 新华网

(၂၃)ကြိမ်မြောက် ဟားအော်ပင်းရေခဲကမ္ဘာဥယျာဉ်သည် “ဆောင်းအိုလံပစ်၏အလင်းရောင်ဖြင့် ကမ္ဘာကို ထွန်းလင်းတောက်ပစေမည်”ဟူသောဆောင်ပုဒ်ဖြင့် တည်ဆောက်နေပြီး ဥယျာဉ်ဇုန်မျက်နှာပြင်ဧရိယာသည် (၈.၂)သိန်းစတုရန်းမီတာရှိကာ ရှုခင်းတည်ဆောက်မှုဧရိယာသည် (၄)သိန်းစတုရန်းမီတာ ကျယ်ဝန်းပါသည်။ ယခုအခါ ရေခဲကမ္ဘာဥယျာဉ်သည် အရှိန်မြှင့်တင် ဆောက်လုပ်နေပြီး ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ရန် မျှော်မှန်းထားပါသည်။