ယခုရက်ပိုင်းတွင် ကူမင်းမြို့ တွင် ရာချီသော ချယ်ရီပန်းများ မြိုင်မြိုင်ဆိုင်ဆိုင် ဖူးပွင့်လျက်ရှိနေ ပါသည်။ မိုးပြာရောင်ကောင်းကင်အောက်တွင် ရွှေအိုရောင် အရွက်များယိမ်းနွဲ့နေပြီး နေဝင် ဆည်းဆာကဲ့သို့သော ပန်းရောင်ဆောင်းချယ်ရီများအားလုံးရောယှက်နေသည့် ကူမင်းလမ်းမ၏ လှပသောရှုခင်းမှာ “ရာသီချိန်တိုင်း ပန်းဝေဝေဆာ”၊ “နေရာတကာပန်းဖူးပွင့်သော နွေဦးမြို့”ဟုဆိုသည့် နွေဦးမြို့၏အလှကို ပိုမိုပေါ်လွင်နေပါတော့သည်။