တရုတ်ပေကျင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစနစ်တကျ ထိုးနှံပေးနေ

2021-01-04 18:03:32 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံပေကျင်းမြို့ ဖုန်းတိုင်မြို့နယ် ဝမ်ဖျင်ရပ်ကွက်ရှိမီးဘေးကာကွယ်ခြင်း၊ သက်ကြီးရွယ်အိုများစောင့်ရှောက်ခြင်း၊ ဆေးကုသခြင်းစသည့် ဌာနများမှ ဝန်ထမ်းများအားကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအချိန်တွင် ပေကျင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကိုစတင်ဆောင်ရွက်လျက်ရှိပြီး cold chain သွင်းကုန်နှင့် ထိစပ်နိုင်သောလေဆိပ်နှင့်ဆိပ်ကမ်းများရှိအကောက်ခွန်ဌာနဝန်ထမ်းများ၊ ရောဂါပိုးစစ်ဆေးရေးဝန်ထမ်းများ၊ ကုန်တင်ကုန်ချအလုပ်သမားများ၊ သယ်ယူပို့ဆောင်ရေးဆောင်ရွက်နေသူများစသည့်ပုဂ္ဂိုလ်များအားလုံးကိုကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းအားတရုတ်နှစ်သစ်ကူးနွေဦးပွဲ (ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့) မတိုင်မီ ပြီးစီးမည်ဟုခန့်မှန်းကြောင်းသတင်းအရသိရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006