【ရှုဖွယ်စုံလင်၊ တယ်ဟုန်တစ်ခွင် 】တရုတ်-မြန်မာအကြီးဆုံးကုန်တွင်းနယ်စပ်ဂိတ်အား ၂၄ နာရီစမ်းသပ်ဖွင့်လှစ်

2021-01-07 10:03:40 |သတင်းအရင်းအမြစ် 云桥网

“၂၄ နာရီဖွင့်လှစ်ပြီးချိန်မှာ နေ့စဉ်နေ့တိုင်းအဝင်အထွက်ကားစီးရေဟာ အရင်ကထက် များစွာ မြင့်တက်လာပါတယ်”ဟု မြန်မာနိုင်ငံကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ဒုတိယမန်နေဂျာဦးမင်းသိန်းက ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်ကုန်စည်စီးဆင်းပို့ဆောင်ရေးလမ်းကြောင်း ဝင်ထွက်ချိန် ပြောင်းလဲလိုက်ခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းပေးနိုင်သည့်အပြင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမို တွန်းအားပေးလာနိုင်ပါသည်။




တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ပြည်သူ့အစိုးရနယ်စပ်ဂိတ်ညွှန်ကြားရေးရုံးမှ ဇန်နဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်သည့် “ရွှေလီနယ်စပ်ဂိတ် ဝင်ထွက်ချိန် ယာယီပြောင်းလဲခြင်းနှင့် စပ်လျဉ်းသောကြေညာချက်”အရ သိရှိရသည်မှာ ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်ကုန်စည်စီးဆင်းပို့ဆောင်ရေးလမ်းကြောင်းတွင် ယာဉ်ကြောပိတ်ဆို့မှု၊ အချိန်ကြာမြင့်စွာ ရပ်ဆိုင်းမှုစသည့်ပြဿနာများကို တိုးမြှင့်ဖြေရှင်းနိုင်ရန်၊ နယ်စပ်စီးပွားရေးလည်ပတ်မှုပတ်ဝန်းကျင် အဆင့်မြှင့်တင်ရန်၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလွယ်ကူချောမွေ့မှုကိုတွန်းအားပေးရန်၊ နိုင်ငံခြားကုန်သွယ်ရေး တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုရန်တို့အတွက် တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရဌာနများမှ ညှိနှိုင်းဆွေးနွေးပြီးနောက် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၈ နာရီမှ ၁၅ ရက်နေ့ နံနက် ၈ နာရီအထိပို့ကုန်သွင်းကုန် ကုန်တင်ယာဉ်များ ၂၄ နာရီစတင်စမ်းသပ်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။ မြန်မာ-တရုတ် အကြီးဆုံးကုန်တွင်းနယ်စပ်ဂိတ်တွင် ၂၄ နာရီဖွင့်လှစ်မှုစတင်နိုင်ရန် အဆိုပါလုပ်ငန်းအဖွဲ့မှ နှစ်နိုင်ငံကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးဆောင်ရွက်ချက်များ ကောင်းမွန်စွာ လိုက်နာကျင့်သုံးပြီး သက်ဆိုင်ရာလုပ်ငန်းများကို တက်ကြွစွာ ဝိုင်းဝန်းဖော်ဆောင်မည်ဖြစ်ကြောင်း ဦးမင်းသိန်းက ပြောပါသည်။


滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006