တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သော မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

2021-01-11 17:55:08 |သတင်းအရင်းအမြစ် 新华网

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သောမြန်မာနိုင်ငံမန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု(Feasibility Study) ဆိုင်ရာနားလည်မှုစာချွန်လွှာအားဇန်နဝါရီ၁၀ရက်တွင်နေပြည်တော်၌လက်မှတ်ရေးထိုးခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှသိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးမစ္စတာချန်းဟိုင်ကနှစ်ဦးနှစ်ဖက်ရထားလမ်းကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည်ကပ်ရောဂါအခြေအနေကို ကျော်လွှား၍ဆက်တိုက် တွန်းအားပေးဆောင်ရွက်လျက်ရှိရာအောင်မြင်မှုများသည်အလွယ်တကူရရှိလာခြင်းမဟုတ်ကြောင်း၊ယင်းသည်တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကိုသက်ဝင်လှုပ်ရှားစွာဖော်ပြ နေခြင်းဖြစ်ကြောင်း၊တရုတ်ပြည်တွင်းယူနန်တာလီမှရွှေလီအထိရထားလမ်းပိုင်းသည်၂၀၂၃ခုနှစ် ကုန်တွင်ဖောက်လုပ်ပြီးစီး၍ရထားပြေးဆွဲနိုင်မည်ဖြစ်ပြီးတရုတ်-မြန်မာနယ်စပ်အထိပေါက်ရောက်မည်ဖြစ်ကြောင်း၊တရုတ်-မြန်မာရထားလမ်းချိတ်ဆက်ခြင်းနှင့်မြန်မာနိုင်ငံပြည်တွင်းရထားလမ်းဖောက်လုပ်ခြင်းသည်မြန်မာနိုင်ငံနှင့်လူဦးရေ၁.၄ဘီလီယံရှိသောကြီးမားသည့်စျေးကွက် ကြီး၊ကျယ်ပြန့်သောအာရှ-ဥရောပကုန်းမြေ(Eurasia) ကိုပိုမိုနီးကပ်စွာချိတ်ဆက်ပေးနိုင်မည်ဖြစ် ကြောင်း၊မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူလူထုဘဝကောင်းမွန်လာရေးအတွက်အထောက်အကူပြုနိုင်မည်ဖြစ်ပြီးမြန်မာနိုင်ငံပြည်တွင်းအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားတွင်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးမစ္စတာချန်းဟိုင်နှင့်မြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၏ရှေ့မှောက်၌China Railway Eryuan Engineering Group Co.,Limited မြန်မာနိုင်ငံအမှုဆောင်ကိုယ်စားလှယ်M. Wang Guoliang နှင့်မြန်မာနိုင်ငံပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာ့မီးရထားအထွေထွေမန်နေဂျာဦးအောင်ဝင်းတို့ကလက်မှတ် ရေးထိုးခဲ့ကြောင်းသိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်ကမန္တလေး-ကျောက်ဖြူရထားလမ်းပိုင်းအပါအဝင်တရုတ်-မြန်မာရထားလမ်းပူးပေါင်းဆောင်ရွက်မှုသည်နှစ်နိုင်ငံ“The Belt and Road” နှင့်စီးပွားရေးစင်္ကြံအတူတကွတည်ဆောက်ရေး၏အရေးပါစီမံကိန်းဖြစ်ရာမြန်မာနိုင်ငံမှများစွာအလေးထားကြောင်း၊တရုတ်နိုင်ငံမှမြန်မာနိုင်ငံငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေး နှင့်ရထားလမ်းလုပ်ငန်းအပေါ်ကာလကြာရှည်စွာထောက်ခံအားပေးကူညီသည့်အတွက်ကျေးဇူးတင်ရှိ ကြောင်း၊ရထားလမ်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့်နှစ်နိုင်ငံပြည်သူများကိုအကျိုးကျေးဇူးများခံစားရ စေမည်ဟုယုံကြည်ကြောင်း၊တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည်လည်းပူးပေါင်း ဆောင်ရွက်မှုအတွင်းပိုမိုနက်ရှိုင်းလာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ်ဇန်နဝါရီလတရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏မြန်မာနိုင်ငံသို့ခရီးစဉ်လာရောက်စဉ် အချိန်ကChina Railway Eryuan Engineering Group Co.,Limited မှမြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့မူဆယ်-မန္တလေးရထားလမ်းဖြစ်မြောက်နိုင်ခြေလေ့လာမှုအစီရင်ခံစာတင်ပြခဲ့ကြောင်း၊တစ်နှစ်တာကာလအတွင်းနှစ်ဦးနှစ်ဖက်အတူနည်းပညာအစီအစဉ်နှင့်ငွေကြေး ထည့်ဝင်မှုနည်းလမ်းများနှင့်စပ်လျဉ်း၍နက်နက်ရှိုင်းရှိုင်းဆွေးနွေးခဲ့ကြောင်းနှင့်ယခုအကြိမ်တွင်နှစ်ဦးနှစ်ဖက်သည်မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်းဖြစ်မြောက်နိုင်ခြေလေ့လာမှုကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006