တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်အားလေ့လာ

2021-01-12 19:21:21 |သတင်းအရင်းအမြစ် 新华网

ဇန်နဝါရီလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ ဟော်ဖေမြို့၏ ရပ်ကွက်တစ်ခုရှိ ကျန်းမာရေးစင်တာ၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ပြည်သူပြည်သားများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။


ယခုရက်ပိုင်းကာလတွင် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟော်ဖေမြို့သည် အအေးခန်းသေတ္တာဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်သူများ၊ အလုပ်လုပ်ကိုင်ရန်နှင့် ပညာသင်ယူလေ့လာရန် ပြည်ပသို့ ထွက်ခွာသူများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သူများ၊ မြို့ပြအတွက် ဝန်ဆောင်မှု ပေးသူများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ စသည့်ပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေပါသည်။ ကာကွယ်ဆေးထိုးနှံမှုတိုင်းသည် အရင်းအမြစ်အထိ ပြန်လည်ရှာဖွေနိုင်သကဲ့သို့ ကာကွယ်ဆေးထိုးမည့်သူများအား ကျန်းမာရေးစခန်းတွင် သွေးပေါင်ချိန်နှင့် ကိုယ်ပူချိန် တိုင်းတာပြီး ရောဂါရာဇဝင်မေးမြန်းခြင်း၊ ကျန်းမာရေးဆိုင်ရာ QR code မှတ်ပုံတင်ခြင်း (ကိုဗစ်-၁၉ ကာလတွင် တရုတ်ပြည်သူပြည်သားများ အဆင်ပြေစွာ သွားလာနိုင်ရန် အသုံးပြုသည့် အီလက်ထရွန်အထောက် အထား ဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပိုမို အဆင်ပြေစေရန် ပြည်သူပြည်သားများသည် အွန်လိုင်းမှတစ်ဆင့် မိမိ၏ကျန်းမာရေးအချက်အလက် မှတ်ပုံတင်ပြီးနောက် ရရှိသော မိမိ၏ ကျန်းမာရေး QR code တစ်ခု ဖြစ်သည်)၊ မျက်နှာ scan ဖတ်ခြင်း စသည်တို့ဆောင်ရွက်ပြီးနောက် ကာကွယ်ဆေး ထိုးနှံသည်။ ထို့နောက် ချက်ချင်းအိမ်မပြန်ရသေးဘဲ ခေတ္တခဏ စောင့်ကြည့်ရန်လိုအပ်သည်။ အဆိုပါ လုပ်ငန်းစဥ် တစ်ခုလုံးသည် အချိန်တစ်နာရီထက် မပိုကြောင်း သိရသည်။