တရုတ်တယ်ဟုန်ပြည်နယ်ခွဲ၏ “၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း”ရည်ရွယ်ချက်

2021-01-19 18:44:17 |သတင်းအရင်းအမြစ် 人民日报

ဇန်နဝါရီလ ၁၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ တယ်ဟုန်ပြည်နယ်ခွဲကော်မတီမှ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ တယ်ဟုန်ပြည်နယ်ခွဲအမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှု ၁၄ ကြိမ် မြောက် ၅ နှစ် စီမံကိန်းနှင့် ၂၀၃၅ ခုနှစ် ရေရှည်ရည်မှန်းချက်များနှင့် စပ်လျဥ်းသည့် အကြောင်း အရာများကို သိရှိခဲ့ရပါသည်။ သတင်းစာရှင်းလင်းပွဲတွင် “၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း”ကာလအတွင်း တယ်ဟုန်ပြည်နယ်ခွဲအား“The Belt and Road”အတူတကွ ညှိနှိုင်းဆွေးနွေး၊ အတူတကွ တည်ဆောက်၊ အတူတကွ မျှဝေခြင်းစံပြဒေသအနေနှင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း မိတ်ဆက်ပါသည်။


တယ်ဟုန်ပြည်နယ်ခွဲသည် “၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း”ကာလအတွင်း“ခေတ်သစ် နယ်စပ် တံခါးဖွင့်လှစ်မှုရှေ့ပြေးစမ်းသပ်ဇုန်”နှင့် “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတံခါးပေါက်”စသည့် စွမ်းဆောင်မှုတည်နေရာရပ်တည်ချက်အတိုင်း ပြည်တွင်းပြည်ပ အပြန်အလှန်ချိတ်ဆက်ခြင်း၊ ပြည်နယ်ခွဲ တစ်ခုလုံးသာလွန်ပြည့်စုံသော အခင်းအကျင်း၊ ဘေးပတ်ဝန်းကျင် မြို့ပြနှင့်ခရိုင်များအကြား တစ်နာရီဖြင့် ရောက်နိုင်သော စီးပွားရေးအသိုင်းအဝန်းစက်ဝိုင်းတွင် ရပ်တည်ပြီး မန်စီမြို့၊ ရွှေလီမြို့နှင့် လုံချွမ်းခရိုင်တို့အား တပြေးညီစွာ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးခြင်း၊ တံခါးဖွင့်လှစ်အဆင့်မြှင့်တင်မှု မီးမောင်းထိုးပြသသည့် တံခါးဖွင့်လှစ်မှုတယ်ဟုန်ပြည်နယ်ခွဲ၊ ထုတ်လုပ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု မီးမောင်းထိုးပြသသည့် ပေါများကြွယ်ဝသော တယ်ဟုန်ပြည်နယ်ခွဲ၊ ပတ်ဝန်းကျင် အဆင့်မြှင့်တင်ခြင်း မီးမောင်းထိုးပြသသည့် အပန်းဖြေရာ တယ်ဟုန်ပြည်နယ်ခွဲ၊ လှုမှုလုံခြုံရေး စီမံခန့်ခွဲခြင်း မီးမောင်းထိုးပြသသည့် တည်ငြိမ်သော တယ်ဟုန်ပြည်နယ်ခွဲ၊ ယဥ်ကျေးမှုနှင့် ခရီးသွားလာရေး၏ သာလွန်ချက်များ မီးမောင်းထိုးပြသသည့် ရှုဖွယ်စုံလင်သော တယ်ဟုန်ပြည်နယ်ခွဲနှင့် လူမှုဖူလုံရေး ကောင်းမွန်စေရန် ချမ်းမြေ့သော တယ်ဟုန်ပြည်နယ်ခွဲ ဖန်တီးတည်ဆောက်ခြင်း၊ “သာယာလှပသော နေရာတစ်ခု”ဟု ချီးမြှင့်ခေါ်ဝေါ်သော တယ်ဟုန်ပြည်နယ်ခွဲအား ယခုထက်မက ပိုပြီးသာယာလှပအောင် တည်ဆောက်သွားမည်ဖြစ်ပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နယ်စပ်တံခါးဖွင့်လှစ်မှုရှေ့ပြေးစမ်းသပ်ဇုန် တည်ဆောက်ရေး၊ လူမှုယဥ်ကျေးသိမ်မွေ့မှု၊ သဘာဝပတ်ဝန်းကျင်တည်ဆောက်ရေး၊ လူမှု အကျိုးခံစားခွင့်၊ မြို့ပြနှင့် ကျေးရွာပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီမံခန့်ခွဲမှုအရည်အချင်းရှေ့အဆင့်သို့ မြှင့်တင်ခြင်းစသည်တို့ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ တယ်ဟုန်ပြည်နယ် ခွဲကော်မတီ အမြဲတမ်းကော်မတီဝင်၊ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ကျောက်တုန်မေက ပြောကြားပါသည်။
၎င်းသတင်းစာရှင်းလင်းပွဲတွင် “၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း”ကာလအတွင်း တယ်ဟုန်ပြည်နယ်ခွဲစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုရည်ညွှန်းချက်မှာ တယ်ဟုန်ပြည်နယ်ခွဲအား“The Belt and Road”အတူတကွ ညှိနှိုင်းဆွေးနွေး၊ အတူတကွ တည်ဆောက်၊ အတူတကွ မျှဝေခြင်းစံပြဒေသ၊ “သာယာလှပယူနန်ပြည်နယ်”သဘာဝယဥ်ကျေးမှုတည်ဆောက်ရေးစံပြဒေသ၊ နယ်စပ်ဒေသတစ်လျှောက် တိုင်းရင်းသားလူမျိုးစုစည်းလုံးညီညွတ်ရေးဖွံ့ဖြိုးမှုစံပြဒေသ၊ အဆင့်မြင့်အရည် အသွေးဖွံ့ဖြိုးတိုးတက်မှုစံပြဇုန်၊ နယ်စပ်စီမံခန့်ခွဲမှုစနစ်နှင့် အရည်အချင်းမြှင့်တင်ခြင်း စွန့်ဦးတီထွင် မှုစံပြဒေသစသဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါသည်။