တရုတ်နိုင်ငံ ၂၀၂၂ ခုနှစ် ပေကျင်း အိုလံပစ်အတွက် ကျန်းကျားခိုပြိုင်ပွဲဇုန်ကို ကြည့်ရှုစစ်ဆေး

2021-01-21 15:50:00 |သတင်းအရင်းအမြစ် 新华网

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ပေကျင်း အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် ဆောင်းရာသီအားကစားပွဲများ၏ ကျန်းကျားခို ပြိုင်ပွဲဇုန်အား ဇန်နဝါရီ ၁၉ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှီသည် ဟဲပေပြည်နယ် ကျန်းကျားခိုမြို့သို့ ပေကျင်း-ကျန်းကျားခို အမြန်ရထားလမ်းမှ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ရှီသည် ပြိုင်ပွဲနေရာများနှင့် အားကစားသမားကျေးရွာ အနီးရှိ ထိုက်ကျီချိန် ဘူတာရုံ၊ အမျိုးသား စကီးအဝေးခုန်စင်တာနှင့် အမျိုးသား နှင်းလျှောစီးနှင့် သေနတ်ပစ်စင်တာတို့ အား ကြည့်ရှုစစ်ဆေးခဲ့သည်။