တရုတ်-မြန်မာနယ်စပ်ဖြစ်သော တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စီးလျန် အဝေးပြေးလမ်းမကြီး တည်ဆောက်ပြီးစီး၍ စတင်ဖွင့်လှစ်လည်ပတ်

2021-01-26 17:32:50 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဖူအယ်မြို့ စီးမော်ဒေသမှ လျန်ချန်း လားဟူတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်သို့ သွားရောက်သည့် စီးလန် အဝေးပြေးလမ်းမကြီးကို ယခုရက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ စီးလန် အဝေးပြေးလမ်းမ၏ ပင်မလမ်းကြောင်း စုစုပေါင်းအရှည်မှာ (၁၂၅) ကီလိုမီတာ ခန့်ရှိကြောင်း သိရသည်။

အဆိုပါအဝေးပြေးလမ်းဖွင့်လှစ်ပြေးဆွဲနိုင်ပြီးနောက် မြန်မာနှင့်နယ်နိမိတ်ချင်းဆက်စပ်နေသော တရုတ်နိုင်ငံ လျန်ချန်း၊ မုန့်လျန်၊ ရှီမုန် ခရိုင်(၃)ခုကို အကျိုးသက်ရောက်စေကြောင်း သတင်းအရ သိရပါသည်။