ပြတိုက်သည် လူသားတို့၏ ယဥ်ကျေးမှုကို ထိန်းသိမ်းပြီး လက်ဆင့်ကမ်းသော အရေးပါသည့် နန်းတော်ကဲ့သို့ဖြစ်ပါသည်။ သမိုင်းတွင် မတူညီသောအချိန်ကာလအလိုက် သဘာဝပထဝီနှင့် လူသားတို့၏ နေထိုင်မှုဘဝတို့နှင့် စပ်လျဥ်းသည့် အမွေအနှစ်များအား စုဆောင်းကာ နိုင်ငံနှင့် ဒေသအကြောင်းအရာများအား ပြန်လည်လေ့လာနိုင်မည့် အမျိုးသားယဥ်ကျေးမှုကို ခင်းကျင်းပြသပြီး လက်ဆင့်ကမ်းကြပါသည်။
ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားပြည်နယ်ခွဲပြတိုက်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ဆောက်ကာ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးကြောင်း၊ ယခုလက်ရှိအချိန်တွင် ခင်းကျင်းပြသရန် အဆင်သင့်ပြင်ဆင်လျက်ရှိပြီး အများပြည်သူအား ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း သိရပါသည်။