မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေဆိုင်ရာနောက်ဆုံးသတင်း

2021-02-01 19:37:05 |သတင်းအရင်းအမြစ် 云南日报

ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) နံနက်ပိုင်းတွင် သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာပြီးနောက် ညနေပိုင်းအချိန်ထိ မြို့ကြီးများတွင် ပြည်သူများစိုးရိမ်ပူပန်ကာ ဆန် အပါအဝင် စားသောက်ကုန် ဝယ်ယူမှုများပြားသည်ကို တွေ့ရသည်။

နံနက်အစောပိုင်းကစတင်ပြီး ဆက်သွယ်ရေးကွန်ရက်ပြတ်တောက်လျက်ရှိကာ ညနေပိုင်းတွင် လိုင်းများပြန်လည်အသုံးပြု၍ ရလာသည်။ ယာယီ ပြတ်တောက်မှုများကြောင့် ဘဏ်များ ပိတ်ထားပါရန် မြန်မာနိုင်ငံဘဏ်များအသင်းမှ ညွှန်ကြားချက်စာ ပေးပို့ကြောင်း ဘဏ်အသီးသီးက ကြေညာချက် ထုတ်ပြန်ကြရာ ဘဏ်များပိတ်ထားသော်လည်း ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို ဆက်လက် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

ဈေးဝယ်စင်တာများကလည်း လတ်တလောအခြေအနေများကြောင့် ဆိုင်ပိတ်ချိန်ကို ပြောင်းလဲကာ စောပိတ်မည်ဟု ကြေညာထားကြသည်ကို တွေ့ရှိရသကဲ့သို့ အချို့သောဆိုင်များမှာ နံနက်ပိုင်း ကတည်းက ပိတ်ထားသည်ကိုတွေ့ရသည်။ ပြည်သူများစိုးရိမ်ပူပန်မှုများရှိနေကြသော်လည်း ညနေပိုင်း အချိန်ထိ အသွားအလာပုံမှန်ရှိနေကြောင်း သိရသည်။

ယနေ့ တွင် ကျင်းပပြုလုပ်သော တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲအတွင်း ဖြစ်ပွားနေသော မြန်မာနိုင်ငံအခြေအနေအပေါ် သတင်းထောက် တစ်ဦး၏ မေမြန်းချက်အား နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

ဝမ်းဝန်ပင်းက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိစ္စရပ်နှင့် ပတ်သက်၍ သတိပြုမိကြောင်း ၊ ပိုမိုသိရှိနားလည်းနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး နှင့် လူမှုအသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ကာ သက်ဆိုင်ရာ အသီးသီးအနေဖြင့် အခြေခံဥပဒေ နှင့် ဥပဒေမူဘောင်အောက်တွင် သဘောထားကွဲလွဲမှုများကို အဆင်ပြေကောင်းမွန်စွာဖြေရှင်းကြစေလိုကြောင်း ပြောကြားခဲ့သည်။ (မင်္ဂလာနှင့် Xinhua)