တရုတ်နိုင်ငံ ဟွာလုံဝမ်း အဏုမြူဓာတ်ပေါင်းဖို ပထမဆုံးနျူးကလီးယားယူနစ်ကို စီးပွားဖြစ်အသုံးပြုရန် စတင်လည်ပတ်

2021-02-02 18:24:14 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံက ထုတ်လုပ်ထားသော တတိယမျိုးဆက် နျူကလီးယားဓာတ်ပေါင်းဖို ဟွာလုံဝမ်း (Hualong One) ရှိ ပထမဆုံးနျူးကလီးယားစွမ်းအင်ယူနစ်ကို စီးပွားဖြစ်လည်ပတ်လျက်ရှိပြီဖြစ်ကြောင်း တရုတ် အမျိုးသား နျူးကလီးယားကော်ပိုရေးရှင်း (CNNC) က ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူချင်းမြို့ရှိ အမှတ်-၅ ယူနစ်ကို ၇ ရက်ကြာ စမ်းသပ်လည်ပတ်ပြီးနောက် စီးပွားဖြစ်ရောင်းချရန်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း CNNC က ပြောခဲ့သည်။

ဟွာလုံဝမ်း အဏုမြူဓာတ်ပေါင်းဖို၏ အဓိကအစိတ်အပိုင်းများအားလုံးကို ပြည်တွင်း၌ ထုတ်လုပ်ထားခြင်းဖြစ်ပြီး သက်တမ်း နှစ် ၆၀ ခံနိုင်ရည်ရှိရန် ပုံစံရေးဆွဲထားခြင်းဖြစ်ကာ ကမ္ဘာပေါ်ရှိ ဘေးကင်းလုံခြုံမှုစံချိန်စံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိကြောင်း CNNC အရ သိရသည်။ (Xinhua)